The network connection is lost.

Banner Image

ဝီဂန်နဲ့ပွဲဟာ အာဆင်နယ်အတွက် ဆုဖလားအခွင့်အရေးတစ်ခုလို့ အာတီတာ ပြောကြား

အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်အသင်းက ဝီဂန်ကို အမ်းမရိတ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး နည်းပြ မီကယ်အာတီတာကတော့ ဒီပြိုင်ပွဲဟာ ဆုဖလားရယူဖို့ နောက်ထပ်အခွင့်အရေးတစ်ခုပဲလို့ ယုံကြည်နေပါတယ်။


အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် မန်စီးတီးနဲ့ ၄ မှတ်သာကွာဟသွားခဲ့ပြီး ဒီပွဲမှာ နိုင်ပဲွဲပြန်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။


ဒါပေမဲ့ ပြိုင်ပွဲအသစ်တစ်ခု စတင်တာဟာ ကစားသမားတွေအတွက် အရှိန်အဟုန်သစ်တွေ ရရှိစေနိုင်တယ်လို့ အာတီတာက ခံစားနေရပါတယ်။
အာတီတာက"ဒါဟာ ပြိုင်ပွဲအသစ်တစ်ခုမှာ အသင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခုပါပဲ။ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ အံ့ဩစရာကောင်းတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ ပြန်ကစားရမှာဖြစ်လို့ အမြန်ဆုံး ပြန်လည်ပြင်ဆင်ပြီး ကွင်းထဲကို ပြန်ဆင်းနိုင်ဖို့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။


"သုံးရက်တစ်ပွဲနှုန်းနဲ့ ပြိုင်ပွဲစုံကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ ကစားနေကျပါ။ ပြိုင်ပွဲတစ်ခုချင်းစီက အသင်းအတွက်ရော ကျွန်တော်တို့အတွက်ပါ ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို သိပြီးသားဖြစ်လို့ တစ်ဆင့်ချင်းစီကို သေချာလုပ်ဆောင်သွားမှာပါ"လို့ ပြောခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ အက်ဖ်အေဖလားကို ရရှိခဲ့ပြီးနောက်ပိုင်း ဒီပြိုင်ပွဲမှာ ရလဒ်တွေ သိပ်ပြီးအားရစရာမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ အာတီတာကတော့ အရင်ရလဒ်တွေကို အရေးမထားဘဲ နောက်တစ်ဆင့်တက်ဖို့အတွက် လက်ရှိကစားရမယ့်နေ့မှာပဲ အကောင်းဆုံးခြေစွမ်းပြရမယ်လို့ ဆိုပါတယ် ။

အာတီတာက"အဲ့ဒီတုန်းက ကျွန်တော်တို့ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။ ဒီလိုပြိုင်ပွဲမျိုးမှာတော့ အရေးကြီးတဲ့အချိန်မှာ အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။ သင်ဘယ်အင်္ကျီကို ဝတ်ထားလဲ၊ ဘယ်အသင်းတံဆိပ်ကို ကိုယ်စားပြုလဲဆိုတာက အရေးမကြီးပါဘူး၊ လက်တွေ့မှာပဲ သက်သေပြဖို့ လိုပါတယ်။ တနင်္ဂနွေနေ့ ဝီဂန်နဲ့ပွဲမှာ ကျွန်တော်တို့ ဒါကို သက်သေပြရပါလိမ့်မယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။