The network connection is lost.

Banner Image

ဒဏ်ရာပြဿနာစိုးရိမ်မှုတွေရှိနေတဲ့ ဖိုဖာနာကို ချဲလ်ဆီးက အစွမ်းကုန်ကာကွယ်ပေးသွားမယ်လို့ ရိုစီနီယာအခိုင်အမာပြော


ပြင်သစ်ဗဟိုနောက်ခံလူ ဝက်စလေဖိုဖာနာ မပါဝင်နိုင်လို့ ချဲလ်ဆီးရဲ့ ခံစစ်ပိုင်းမှာ အခက်တွေ့ခဲ့ရင်တောင် ကစားသမားရဲ့ကြံ့ခိုင်မှုကိုတော့ အန္တရာယ်ဖြစ်အောင် လုပ်မှာမဟုတ်ဘူးလို့ နည်းပြလီယမ်ရိုစီနီယာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။ 
ပြီးခဲ့တဲ့ရာသီတုန်းက ဖိုဖာနာဟာ ဒဏ်ရာပြဿနာတွေနဲ့ပဲ အချိန်ကုန်ခဲ့ရလို့ ဒီရာသီမှာတော့ သူ့ရဲ့ပွဲကစားချိန်ကို ချဲလ်ဆီးက သေချာလေး စီမံပေးနေတာပါ။
အင်္ဂါနေ့က လိဒ်စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရိုစီနီယာက ဖိုဖာနာကို အနားပေးခဲ့ပါတယ်။ 
အဲဒီပွဲမှာ ချဲလ်ဆီးခံစစ်က ပေါ့ဆခဲ့လို့ နှစ်ဂိုးအသာရနေရာကနေ ပြိုင်ဘက်အသင်းက ချေပဂိုးတွေ ပြန်သွင်းပြီး သရေရလဒ်ရယူသွားနိုင်ခဲ့ပါတယ်။ 
ဖိုဖာနာရဲ့နေရာမှာ ဂျော့ရှ်အာချမ်ပေါင်က ဝင်ကစားခဲ့ပြီ အိုကာဖော် ချေပဂိုးသွင်းနိုင်အောင် အမှားအယွင်းဖြစ်ခဲ့တဲ့ ခံစစ်လူစုထဲမှာ သူလည်း ပါဝင်နေခဲ့ပါတယ်။
ဖိုဖာနာကို အနားပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရိုစီနီယာက "ဒါကို အများကြီး တွေးပြီး ခေါင်းစားနေစရာ မလိုဘူးလို့ ထင်ပါတယ်။ အဲဒီအချိန်မှာ ကွင်းထဲမှာ ဘယ်သူရှိရှိ၊ ဒီအခြေအနေကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ရပါမယ်။ ဝက်စလေမှာ ဒဏ်ရာပြဿနာဟောင်းတွေ ရှိဖူးတယ်။ သူ နောက်တစ်ခါ ထပ်ပြီး ဒဏ်ရာမရစေချင်ပါဘူး။ နောက်တန်းမှာ အမြဲတမ်း ခြေစွမ်းတည်ငြိမ်နေဖို့ လိုအပ်တာမှန်ပေမဲ့ နောက်ဆုံးမှာတော့ အဆင်ပြေသွားမှာပါ" လို့ ပြောခဲ့ပါတယ်။
ဖိုဖာနာဟာ အာဆင်နယ်နဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်နဲ့ ဝုဗ်နဲ့ပွဲတွေမှာ မိနစ် ၉၀ ပြည့် ကစားနိုင်ခဲ့ပါတယ်။