The network connection is lost.

Banner Image

အတ္တလန္တာတိုက်စစ်မှူး လွတ်ခ်မန်းကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အက်သလက်တီကို အတည်ပြု

အက်သလက်တီကိုအသင်းဟာ အတ္တလန္တာတိုက်စစ်မှူး လွတ်ခ်မန်းကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

 

အဆိုပါ အပြောင်းအရွှေ့ မှာ ဆေးစစ်မှု အောင်မြင်ဖို့နဲ့ စာချုပ်ပါ အချက်အလက်တွေကို အပြီးသတ် အတည်ပြုဖို့သာ ကျန်ရှိတော့တာ ဖြစ်တယ်လို့ အက်သလက်တီကိုဘက်က ဆိုပါတယ်။


အသက် ၂၈ နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမားဟာ အတ္တလန္တာအသင်းမှာ သုံးရာသီခွဲကြာ ကစားခဲ့ပြီးနောက် ယခုအချိန်မှာတော့ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

 

လွတ်ခ်မန်းဟာ ၂၀၂၂ ခုနှစ်မှာ အတ္တလန္တာအသင်းထံ မပြောင်းရွှေ့ခင် အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ဖူလ်ဟမ်၊ လက်စတာ၊ အဲဗာတန်နဲ့ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။


ပြီးခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာလည်း လွတ်ခ်မန်းဟာ နိုင်ဂျီးရီးယားအတွက် ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အက်သလက်တီကိုဟာ လက်ရှိမှာ လာလီဂါပွဲစဉ် ၂၂ ပွဲ ကစားအပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။