The network connection is lost.

Banner Image

တိုနာလီကို အာဆင်နယ်ထံ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အေးဂျင့်ဖြစ်သူ ငြင်းဆန်

နယူးကာဆယ်ကွင်းလယ်လူ ဆန်ဒရိုတိုနာလီကို အာဆင်နယ်အသင်းထံ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေဟာ အခြေအမြစ်မရှိကြောင်း အေးဂျင့်ဖြစ်သူ ဘက်ပီရီဆိုက အခိုင်အမာ ငြင်းဆိုလိုက်ပါတယ်။


ရီဆိုဟာ ပရီးမီးယားလိဂ်ဇယားထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းထံ တိုနာလီ ပြောင်းရွှေ့နိုင်ဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းအချို့မှာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။


ဒါပေမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီး အချိန်နှောင်းနေပြီဖြစ်တာကြောင့် တိုနာလီရဲ့အပြောင်းအရွှေ့ဟာ ဖြစ်မြောက်ခြင်းတော့ မရှိခဲ့ပါဘူး။


လက်ရှိမှာတော့ ဘက်ပီရီဆိုက SkySports နဲ့ အင်တာဗျူးမှာ အဆိုပါသတင်းတွေကို ပယ်ချခဲ့ပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့အတွက်တော့ ငြင်းဆန်ခဲ့ခြင်းမရှိပါဘူး။
ရီဆိုက"ကျွန်တော်လည်း အဲ့ဒီသတင်းကို ဖတ်မိပါတယ်။

 ဒါပေမဲ့ နယူးကာဆယ်က ဆန်ဒရိုကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမှာ မဟုတ်သလို ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆင်နယ်နဲ့ တစ်ခါမှ မဆွေးနွေးခဲ့ပါဘူး။


နယူးကာဆယ်ဘက်က တစ်ခုခုကို လက်ခံဖို့ အဆင်သင့် ဖြစ်၊ မဖြစ် ဆိုတာကိုတော့ မတ်လကျရင် ပြန်လည်သုံးသပ်သွားမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူက ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားနေရတာကြောင့် ဒါတွေ ပြောဖို့အတွက် အချိန်ကောင်း မဟုတ်သေးပါဘူး" လို့ ပြောခဲ့ပါတယ်။