နိုင်ပွဲဆက်နေသရွေ့ အီကီတီကီ(သို့)အီဆက်ခ် ဘယ်သူပဲပွဲထွက်ကစားပါစေ၊ ကိစ္စမရှိဘူးလို့ ဆိုလိုက်တဲ့ ရစ်ဆီ
နည်းပြအန်းစလော့လက်အောက် တိုက်စစ်ပိုင်းရွေးချယ်မှုတွေအတွက် သူ့ရဲ့ထင်မြင်ယူဆချက်ကို လီဗာပူးနောက်ခံလူဟောင်းရစ်ဆီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီဆက်ခ်ရော၊ အီကီတီကီပါ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးက ဗန်ဒီဗန်ရဲ့ပေါ့ဆတဲ့ဖျက်ထုတ်မှုတစ်ခုကြောင့် အနည်းဆုံးသုံးလခန့်အနားယူသွားရဖို့ ရှိနေပါတယ်။
အီဆက်ခ်ရဲ့ဒဏ်ရာပြဿနာကြောင့် အီကီကီတီက အခုဘောလုံးရာသီကုန်ဆုံးချိန်အထိ လီဗာပူးအတွက် လက်ကျန်တစ်ဦးတည်းသောအထောင်တိုက်စစ်မှူး ဖြစ်လာနိုင်ပါတယ်။ Casinostugan နဲ့ ဆွေးနွေးခန်းအတွင်း ရစ်ဆီက အီကီတီကီရဲ့အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကောင်းတွေကြောင့် အီဆက်ခ်မှာ ဖိအားများစွာရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ရစ်ဆီက “ အန်းစလော့ဆိုတာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ် အခြေခံပြီး အခွင့်အရေးပေးလေ့ရှိတဲ့ နည်းပြတစ်ဦးလို့ ယုံကြည်ရပါတယ်။ သူက နာမည်ကျော်တွေ၊ ဘာတွေကို သိပ်ဂရုမစိုက်ပါဘူး။ ဖြစ်နိုင်သမျှ အကောင်းဆုံးပွဲထွက်ကစားသမားစာရင်းကိုပဲ လိုချင်ပါတယ်။
အီကီတီကီလည်း အကောင်းဆုံးကစားနေလို့ ဖြစ်နိုင်ခြေတစ်ခုရှိမယ်ထင်ပါတယ်။ အဲ့ဒါက အီဆက်ခ်ကို အကောင်းဆုံးပုံစံပြန်ရရှိလာဖို့နဲ့ တန်ကြေးကိုသက်သေပြသွားဖို့အတွက် ဖိအားဖြစ်စေပါတယ်။ ကျွန်တော်ကတော့ ဂိုးတွေသွင်းပြီး ပွဲစဉ်တိုင်းအနိုင်ရရှိနေသရွေ့ ဘယ်သူပဲပွဲထွက်ကစားပါစေ၊ ဂရုမစိုက်ပါဘူး။
စွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားတွေကို နာမည်ကျော်ကြားမှုကြောင့်မဟုတ်ဘဲ ပွဲကစားခွင့်ပေးနေတဲ့ အန်းစလော့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ကြိုက်ပါတယ်။ အန်းစလော့က မိုဆာလက်ကိစ္စမှာ ဒါကို ရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။
မိုဆာလက်ဆိုတာ ကျွန်တော်တို့ရဲ့အခမ်းနားဆုံးကစားသမားတစ်ဦး ဖြစ်ပေမယ့် အန်းစလော့က သူ့ကို သုံးပွဲဆက် အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမကောင်းမွန်သလို အသင်းနဲ့ သူ့အပေါ် လေးစားမှုမရှိတဲ့ပုံစံကြောင့် အသင်းလူစာရင်းမှ မိုဆာလက်ကို ထုတ်ပယ်ခဲ့ပါတယ်။ အီကီတီကီ ခြေစွမ်းပြနေသရွေ့ အန်းစလော့က အီကီတီကီကိုပဲ ပွဲထွက်ခွင့်ပေးနေပါလိမ့်မယ်”လို့ ပြောပါတယ်။
အီကီတီကီက အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပယ်နယ်တီမပါ ရှစ်ဂိုးအထိ သွင်းယူထားနိုင်ပြီး ဝုဗ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိဖို့အတွက် ရေပန်းစားနေပါတယ်။