ဒီနှစ်ရာသီ အာဆင်နယ်ခံစစ် အလွန်တောင့်တင်းနေရခြင်းအကြောင်းအရင်းကို ရှင်းပြလာတဲ့ ရာယာ
ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားပြီးနောက် အာဆင်နယ်အသင်းဟာ ပေးဂိုး ၅ ဂိုးသာရှိပြီး ဇယားထိပ်မှာ ရပ်တည်နေပါတယ်။
အခုလိုမျိုး ခံစစ်ပိုင်းခိုင်မာနေရတဲ့အကြောင်းကို အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ရှင်းပြလာခဲ့ပါတယ်။
ဒီလိုခံစစ်ပိုင်းခိုင်မာမှုမှာ ဝီလီယံဆာလီဘာနဲ့ ဂါဘရီယယ်လ်မာဂယ်ဟေးစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျပါတယ်။
ဒေးဗစ်ရာယာက “ကျွန်တော်တို့ ခံစစ်ကို ကစားရတာ ကြိုက်နှစ်သက်တယ်။ ဂိုးမပေးရဖို့၊ အခွင့်အရေးတွေ မပေးရဖို့ကို နှစ်သက်ကြတယ်။”လို့ ပြောခဲ့ပါတယ်။ရာယာက အသင်းဟာ ပြင်းပြင်းထန်ထန် ဖိအားပေးကစားနိုင်တာနဲ့ လိုအပ်ရင် အနိမ့်ပိုင်းခံစစ်ပုံစံကို ပြောင်းလဲနိုင်တာတွေကြောင့် ပြိုင်ဘက်တွေအတွက် အာဆင်နယ်ဂိုးဧရိယာထဲ ဘောလုံးသွင်းဖို့ ခက်ခဲစေတယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။