The network connection is lost.

Banner Image

ယူနိုက်တက်ကစားသမားတွေက သူ့ကို အပြည့်အဝထောက်ခံနေဆဲဖြစ်တယ်လို့ အာမိုရင်ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းရဲ့ကစားသမားတွေဟာ သူ့ကို အပြည့်အဝထောက်ခံနေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်သတ္တပတ်က ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်းနီနဲ့ ဂယ်ရီနဗီးလ်တို့ရဲ့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ယခုအခါမှာ ဆန်းဒါးလန်းကိုနှစ်ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အာမိုရင်အနေနဲ့ ဖိအားတွေအတော်အသင့်‌လျော့သွားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ 

ဒါ့အပြင် အဆိုပါပွဲစဉ်အပြီးမှာ ကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်ကလည်း  "ကျွန်တော်တို့နည်းပြနောက်မှာ ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ ခက်ခဲတဲ့ရလဒ်တွေနဲ့ ရုန်းကန်ရတာတွေရှိခဲ့ပြီး ပရိသတ်တွေနဲ့ တစ်သင်းလုံးအတွက် ထိခိုက်နာကျင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့နိုင်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က "ကျွန်တော်ဒီနေ့ ကစားသမားတွေရဲ့ စစ်မှန်တဲ့စွမ်းဆောင်ရည်ကိုမြင်တွေ့ခဲ့ပြီး သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ကြပါတယ်။ သူတို့အနေနဲ့လည်း နည်းပြအပြောင်းအလဲကို အချိန်တိုင်းပြုလုပ်ချင်နေကြမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။