
လန်ဒန်ဒါဘီနိုင်ပွဲဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ယာယီတက်လှမ်းလာတဲ့ အာဆင်နယ်
အာဆင်နယ် ၂-၀ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
အမ်းမရိတ်စ်ကွင်းဒါဘီပွဲစဉ်မှာတော့ အိမ်ရှင်အာဆင်နယ်ကပဲ ဧည့်သည်ဝက်စ်ဟမ်းကို ပွဲချိန်တလျှောက်လုံး လွှမ်းမိုးကစားပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖန်တီးရယူခဲ့ပါတယ်။ ဂန်းနားတွေအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ဒီကလန်ရိုက်စ်၊ ဒုတိယပိုင်းပွဲချိန်အတွင်း ပယ်နယ်တီမှတဆင့် ဆာကာတို့က သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ဟမ်းမားတွေက ပါကွီတာ၊ ဘိုဝင်တို့ရဲ့ရုန်းအားကို အားပြုကာ အာဆင်နယ်ကိုဖိအားပေးဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီး vs လီဗာပူးပွဲစဉ်မတိုင်ခင် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ယာယီတက်လှမ်းလာခဲ့ပါတယ်။