The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်နိုင်ပွဲနဲ့အတူ ရာသီအဖွင့်လှပခဲ့တဲ့ အာဆင်နယ်

ယူနိုက်တက် ဝ-၁ အာဆင်နယ် (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်ဝါရင့်အသင်းကြီးနှစ်ခုရဲ့ နည်းဗျူဟာမြောက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်အစောပိုင်းမှာပဲ အာဆင်နယ်နောက်ခံလူကာလာဖီအိုရီက သွင်းယူခဲ့ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်က လိုအပ်နေတဲ့သွင်းဂိုးတွေရရှိဖို့ အပြင်းအထန်ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ဘဲ အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။