The network connection is lost.

Banner Image

၁၀ယောက်ကျန် ဗီလာကို အနိုင်မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်သာရခဲ့တဲ့ နယူးကာဆယ်

အက်စတွန်ဗီလာ ၀ - ၀ နယူးကာဆယ် (ပွဲပြီးရလဒ်)

အက်စတွန်ဗီလာအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံတိုးတက်လာခဲ့ပေမဲ့ နောက်ခံလူ ကွန်ဆာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။
နယူးကာဆယ်က ပွဲချိန် နာရီဝက်လောက် ကစားသမား တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့် အနိုင်ဂိုးမရခဲ့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အီဆက်မပါတဲ့ တိုက်စစ်က အတော်လေးသိသာတာကြောင့် အပြောင်းအရွှေ့မတိုင်ခင် နယူးကာဆယ်တို့ တိုက်စစ်ကစားသမား ခေါ်ယူဖို့ လိုအပ်နေခဲ့ပါတယ်။