The network connection is lost.

Banner Image

ဂျူဗင်တပ်စ်ကိုကျော်ဖြတ်ကာ ကွာတားဖိုင်နယ်တက်ရောက်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ၁-၀ ဂျူဗင်တပ်စ် (ပွဲပြီးရလဒ်)

ဥရောပထိပ်တန်းကလပ်အသင်းနှစ်ခုတွေ့ဆုံမှုပီပီ ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားခဲ့ပေမယ့် အပြန်အလှန်သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။ ပွဲချိန်တလျှောက်လုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကပဲ ပြိုင်ဘက်ကို ဦးဆောင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်ဂိုးသမားဒီဂရီဂိုရီယိုရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့် ဂွန်ဇာလိုဂါစီယာရဲ့ဒုတိယပိုင်းပွဲချိန်အစောပိုင်းခေါင်းတိုက်သွင်းဂိုးတစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုပွဲစဉ်အနိုင်ရလဒ်နဲ့အတူ ရီးရဲလ်မက်ဒရစ်က ကွာတားဖိုင်နယ်အဆင့်မှာ ဒေါ့မွန်(သို့မဟုတ်)မွန်တာရေးနဲ့ ရင်ဆိုင်သွားရပါမယ်။