
အာဆင်နယ်ရဲ့ရလဒ်က ပရီးမီးယားလိဂ်ကို အနိုင်ယူနိုင်မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုလိုက်တဲ့ မန်စီးတီးဥက္ကဋ္ဌ
မန်စီးတီးဟာ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးနေ့တွင် အမှတ်ပေးဖလားကို ၄ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
အောက်တိုဘာလတုန်းက မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ မတ်လ အီသီဟတ်ကွင်းမှာ ကစားခဲ့ပွဲမှာ သရေကျခဲ့သော်လည်း နောက်ဆုံးရက်မှာတော့ ဂွါဒီယိုလာရဲ့အသင်းက ၂ မှတ်အသာဖြင့် ဆုဖလားကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်မူဘာရက်က မန်စီးတီးရဲ့ ၁-၀ ဂိုးနဲ့ အမ်းမရိတ်စ်ကွင်းမှာ ရှုံးခဲ့တာက ဂွါဒီယိုလာရဲ့အသင်းအတွက် အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်နေပါတယ်။
"တကယ်တော့ ကျွန်တော် ခင်ဗျားကို တစ်ခုခုပြောပြမယ် တကယ်တော့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ မေးပါရစေ။ ကျွန်တော်တို့က လိဂ်ဖလားကို ဘယ်တော့ နိုင်မယ်ဆိုတာ သိခဲ့တာလား" "အဲဒါက ခင်များကို အံ့အားသင့်စေမှာဖြစ်ပြီး အဝေးကွင်းမှာ အာဆင်နယ်နှင့်ကစားခဲ့တဲ့ပွဲမှာပါ" "ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ကစားပုံက အထူးမကောင်းမွန်ပါဘူး။ ကျွန်တော်တို့ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပွဲတစ်ခုလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှုံးဖို့ မထိုက်တန်ဘူးလို့လည်း ထင်ပါတယ်။ ခင်များမှတ်မိမယ်ဆိုရင် နောက်ဆုံးမိနစ်မှာ အဲဒီ့ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ" "ဒါကြောင့် ကျွန်တော်တို့ လိဂ်ဖလားကို ရအောင်ယူမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီအသင်းက ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုသိပြီး လိဂ်ဖလားကို ရယူနိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်" လို့ အယ်လ်မူဘာရက်က စီးတီးရဲ့မီဒီယာအဖွဲ့နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်က လူသိရှင်ကြားထုတ်ပြန်ထားတဲ့ FFP စည်းမျည်းနဲ့ညှိစွန်းတဲ့ စွဲချက် ၁၁၅ ခုကြောင့် ကွင်းအတွင်း မန်စီးတီးရဲ့ အောင်မြင်မှုတွေအပေါ် တိမ်မြုပ်နေတာကြောင့် မန်စီးတီးအသင်းဥက္ကဌက သူ့အနေနဲ့ မပျော်မရွှင်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။ "ဟုတ်ပါတယ်။ ဒါဟာ စိတ်ပျက်စရာပါပဲ" "ရည်ညွှန်းချက်က အမြဲတမ်း စိတ်ပျက်စရာလို့ ထင်ပါတယ်။ ပြောစကာားတွေနဲ့ ပက်သက်ပြီး အဲ့ဒီအကြောင်းကိုပဲ ပြောနေရတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ကလပ်နှင့်ဆက်စပ်သူတိုင်းကလည်း ဤစွဲချက်များကို အမြဲတစေရည်ညွှန်းနေတယ်လို့ ခံစားမိပါတယ်" "ကျွန်တော်တို့က ကလပ်အသင်းအနေနဲ့ ဖြတ်သန်းရမယ့် လုပ်ငန်းစဉ်တွေရှိတာကြောင့် လေးစားဖို့လိုတယ်လို့ ထင်ပါတယ်" "ဒါဟာ ဘယ်သူမဆို မျှော်လင့်ထားတာထက် ပိုကြာပါတယ်။ ဒါပေမယ့် အဲဒါက ဘာဖြစ်မလဲ၊ အမြဲတမ်း ထပ်ခါတလဲလဲ ပြောနေရပါတယ်။ တောင်းဆိုချက်တွေနဲ့ တန်ပြန်အရေးဆိုမှုတွေ မလုပ်ဘဲ အဖြစ်မှန်နဲ့ တရားစီရင်ဆိုင်ကြရအောင်" လို့ အယ်လ်မူဘာရက်က ပြောကြားခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂွါဒီယိုလာရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်မူဘာရက်ခ်ဟာ အေးဆေးဖြစ်နေခဲ့ပါတယ်။
"အရင်က ကျွန်တော်တို့ ဒီစကားပြောဆိုမှုဟာ အကြိမ်များစွာရှိခဲ့ပြီး စာချုပ်သက်တမ်းနှစ်တွေ တစ်လျှောက်မှာ အဲဒါကို အားလုံးလည်း သိပါတယ်" "ပတ်ဟာ ဒီကလပ်အတွက် အမြဲတမ်း ကတိကဝတ်ပြုထားပြီး သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တိုင်းအတွက် အပြည့်အဝ ကတိပြုထားပါတယ်" "သူ့ရဲ့အနာဂတ်အတွက် ဒီဆုံးဖြတ်ချက်ဟာ အမြဲတမ်းအတူတကွလုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့သလိုပဲ ပတ်အတွက် အဆင်ပြေသလို ကျွန်တော်တို့အတွက် အဆင်ပြေမယ့် မှန်ကန်တဲ့အဖြေကို အမြဲတွေ့လိမ့်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး" လို့ အယ်လ်မူဘာရက်က ပြောကြားခဲ့ပါတယ်။