
အယ်လ်ဟီလယ်နဲ့ အကြိတ်အနယ်ကစားပြီး တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် ၁-၁ အယ်လ်ဟီလယ် (ပွဲပြီးရလဒ်)
ကွင်းလုံးပြည့်လာရောက်အားပေးတဲ့ ပရိသတ်တွေရှေ့မှောက်မှာ ရီးရဲလ်မက်ဒရစ်ရော၊ ကစားသမားစုဖွဲ့မှုကောင်းမွန်တဲ့ အယ်လ်ဟီလယ်ပါ တိုက်စစ်ဖွင့်ကစားခဲ့လို့ အပြန်အလှန်ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန်နာရီဝက်အကျော်မှာ ရီးရဲလ်မက်ဒရစ်လူငယ်တိုက်စစ်မှူးဂွန်ကာလိုဂါစီယာက သွင်းယူခဲ့ပြီး သိပ်မကြာခင်မှာပဲ ရူဘင်နီဗက်စ်က ပယ်နယ်တီမှတဆင့် အယ်လ်ဟီလယ်အတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ သာမန်ပွဲကစားချိန်မိနစ် ၉၀ ပြည့်မြောက်ချိန် ဗယ်လ်ဗာဒီရဲ့ပယ်နယ်တီကန်ချက်ကို အယ်လ်ဟီလယ်ဂိုးသမားဘိုနူလက်စွမ်းပြကာကွယ်ခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ အဖိုးတန်နိုင်ပွဲနဲ့ ဝေးကွာခဲ့ပါတယ်။