The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့စတင်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၂-၀ LFAC (ပွဲပြီးရလဒ်)

ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံချဲလ်ဆီးအတွက် အခက်အခဲသိပ်မရှိခဲ့ပေမယ့် ပြတ်သားတဲ့ရလဒ်မျိုးတော့ မပေါ်ပေါက်လာခဲ့ပါဘူး။ ပွဲချိန်တလျှောက်လုံး ချဲလ်ဆီးကသာ ဦးဆောင်ကစားခဲ့ပြီး ဗွေဆော်ဦးဂိုးကို ပွဲချိန်နာရီဝက်အကျော်မှာ နက်တိုက သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာတော့ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဒီလပ်ရဲ့ဖန်တီးပေးမှုမှတဆင့် အန်ဇိုဖာနန်ဒက်ဇ်က ချဲလ်ဆီးအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ခြေစွမ်းပိုင်းအရ မှန်းထားသလောက်အားရစရာမရှိပေမယ့် အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့လို့ အန်ဇိုမာရက်စ်ကာရဲ့အသင်းအတွက် ကျေနပ်စရာရလဒ်ဖြစ်ခဲ့ပါတယ်။