The network connection is lost.

Banner Image

ကာလရှည်ဖလားလက်မဲ့ဘဝကို အဆုံးသတ်ကာ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာတဲ့ တော့တင်ဟမ်

တော့တင်ဟမ် ၁-၀ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)

မျက်နှာသိပြိုင်ဘက်တွေရဲ့ စပိန်မြေမှာယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အကြိတ်အနယ်ကြိုးစားအားထုတ်မှုတွေနဲ့အတူ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာတော့ ဘရန်နန်ဂျွန်ဆန်က အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို တော့တင်ဟမ်အတွက် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ယူနိုက်တက်က လိုအပ်နေတဲ့ချေပဂိုးရရှိဖို့ တိုက်စစ်မြှင့်ကစားလာပေမယ့် တော့တင်ဟမ်ဂိုးသမားဗီကာရီယို၊ နောက်ခံလူဗန်ဒီဗန်တို့ရဲ့အံ့မခန်းကာကွယ်မှုတွေကြောင့် ချေပဂိုးရရှိရေးမစ်ရှင် မအောင်မြင်ခဲ့ပါဘူး။ အခုပွဲစဉ်အနိုင်ရရှိမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ တော့တင်ဟမ်တို့ ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဘဝကိုအဆုံးသတ်ကာ ယူရိုပါလိဂ်ချန်ပီယံအဖြစ်အောင်ပွဲခံပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ထိုက်ထိုက်တန်တန်ရရှိသွားပါတယ်။