The network connection is lost.

Banner Image

ကတ္တလန်ဒါဘီနိုင်ပွဲနဲ့အတူ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ဘာစီလိုနာ

အက်စ်ပန်ညို ဝ-၂ ဘာစီလိုနာ (ပွဲပြီးရလဒ်)

ကတ္တလန်ဒါဘီပွဲစဉ်ပီပီ အိမ်ရှင်အက်စ်ပန်ညိုရော၊ ဧည့်သည်ဘာစီလိုနာပါ ရေကုန်ရေခမ်းအားထုတ်ကစားခဲ့လို့ မြိုင်ဆိုင်တဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန်အစောပိုင်းမှာပဲ အိမ်ရှင်အက်စ်ပန်ညိုကစားသမားတွေရဲ့အပိုင်ကန်သွင်းချက်အချို့ ဂိုးမဝင်သွားခဲ့လို့ ဘာစီလိုနာတို့ သက်သာရာရခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာတော့ ဧည့်သည်တွေအတွက် ယာမယ်လ်က အဖိုးတန်ဦးဆောင်ဂိုး၊ နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမားဖာမင်လိုပက်ဇ်က အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဟန်စီဖလစ်ခ်ရဲ့အသင်းက လက်ကျန်နှစ်ပွဲကစားရဖို့ကျန်ရှိချိန် အခုဘောလုံးရာသီ၊ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။