
ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးအဖြတ်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ချဲလ်ဆီး
နယူးကာဆယ် ၂-၀ ချဲလ်ဆီး (ပွဲပြီးရလဒ်)
ဒီရှုံးပွဲက ချဲလ်ဆီးအတွက် တော်တော်လေး ရင်လေးစရာပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အမှတ် အရေးတကြီး လိုအပ်နေချိန်မှာ နယူးကာဆယ်ရဲ့ အင်အားကြီးမားတဲ့ ဖိအားပေးမှုအောက်မှာ ခြင်္သေ့ပြာတွေ လက်မြောက် အရှုံးပေးလိုက်ရပြန်ပြီ။ ဒါကြောင့် လာမယ့် ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲလုံးကို ချဲလ်ဆီးတို့ မဖြစ်မနေ အနိုင်ကစားရပါတော့မယ်။