ဆောက်ဂိတ်ရဲ့နေရာကို အစားထိုးဖို့ ရွေးချယ်ရမယ့် နာမည်တွေကို ပြောကြားလိုက်တဲ့ ကာရေဂါ
ယူရို ၂၀၂၄ ဖိုင်နယ်တွင် စပိန်ကိုရှုံးနိမ့်ပြီးနောက် အင်္ဂလန်နည်းပြရာထူးမှာ နုတ်ထွက်ကြောင်း အင်္ဂါနေ့မှာ ဆောက်ဂိတ်က ကြေညာခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကို ကိုင်တွယ်ခဲ့တဲ့ သူ့ရဲ့အချိန်တွေက ၁၀၂ ပွဲပြီးနောက်မှာ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ ဒီနွေရာသီမှာ လီဗာပူးနည်းပြအဖြစ်မှ ထွက်ခွာခဲ့တဲ့ ကလော့ပ်အပါအဝင် အခြားသောနာမည်ကြီးနည်းပြတွေတွေ အများအပြားက အင်္ဂလန်နည်းပြရာထူးကို ရယူဖို့အတွက် ရှိနေပါတယ်။
အန်ဖီးလ်မှာရှိခဲ့တဲ့ ၉နှစ်တာ ကာလအတွင်းမှာ ဂျာမန်သားဟာ အံ့ဩစရာကောင်းတဲ့အလုပ်ကို လုပ်ပြခဲ့ပြီး တိုက်စစ်အသားပေးကစားကွက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလားတို့ကို ရယူးပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အင်္ဂလန်နည်းပြ ရာထူးနဲ့ သူနဲ့က ကိုက်ညီမှုမရှိဘူးလို့ ကာရေဂါကထင်နေပြီး အက်ဖ်အေအနေနဲ့ အင်္ဂလိပ်နိုင်ငံသားနည်းပြကိုသာ ခန့်အပ်သင့်တယ်လို့ ယုံကြည်နေကာ ကလပ်အဆင့်မှာ အောင်မြင်မှုရရှိတာက လက်ရွေးစင်အဆင့်နဲ့ မတူဘူးဆိုတဲ့အပေါ် စိုးရိမ်နေပါတယ်။
"ကလပ်အဆင့်နဲ့ လက်ရွေးစင်အဆင့်ကြား ကြီးမားတဲ့ကွာဟချက်ရှိတယ်ဆိုတာ ပရိသတ်တော်တော်များနှင့် အားကစားဝေဖန်သူတွေက အသိအမှတ်မပြုနိုင်ကြပါဘူး" "ဒါဟာ လက်ရွေးစင်နည်းပြတွေက သူတို့ရွေးချယ်ထားတဲ့ အကောင်းဆုံးကစားသမားတွေနဲ့အတူ ပြိုင်ပွဲတွေရှိလာတဲ့အခါမှ တိုးတက်ဖို့အတွက် နေ့တိုင်းလေ့ကျင့်ကာ လအနည်း နှစ်အနည်းငယ်လောက်သာ လုပ်ရပြီး ကောင်းမွန်ပျော်ရွင်တဲ့ ကမ္ဘာကြီးမှာနေထိုင်နေတာနဲ့တူပါတယ်" "ကလော့ပ် ဒါမှမဟုတ် ဂွါဒီယိုလာတို့တောင် လက်ရွေးစင်အသင်းတွေမှာ ကလပ်လိုမျိုး ကိုင်တွယ်နိုင်ဖို့ အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကာပယ်လိုရဲ့ အတွေ့အကြုံကနေ ကျွန်တော်တို့တွေ ဘာမှ မရရှိခဲ့ဘူးမဟုတ်လား" "နိုင်ငံခြားသားနည်းပြကို ခန့်အပ်မယ့် အစီစဉ်ကိုလည်း ကျွန်တော် ကန့်ကွက်လိုပါတယ်။ ကျွန်တော်ဟာ နိုင်ငံခြားသားနည်းပြကို ခန့်အပ်ဖို့နဲ့ သူတို့ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့သူမဟုတ်ပါဘူး။"
"ကျွန်တော်ယုံကြည်ထားတာက လက်ရွေးစင်ဘောလုံးအသင်းဆိုတာက အကောင်ဆုံးထဲက အကောင်းဆုံးဖြစ်သင့်တာပါ။ ကျွန်တော်တို့ဟာ ထိပ်တန်းဘောလုံးအသင်းဖြစ်တာကြောင့် အခြားအရာတွေကို မကြည့်သင့်ပါဘူး" "အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်းက ဝိဂ်မန်းကိုပဲကြည့်ပါ သူမဟာ လက်ရွေးစင်အဆင့်မှာ အောင်မြင်မှုရှိတာကို ပြသထားပြီးသားပါ။ ကလပ်အဆင့်မှာဆိုရင်တော့ ကလော့ပ်၊ ဂွါဒီယိုလာ၊ ပိုချက်တီနိုတို့ကို အလေးပေးပြောချင်ပါတယ်" လို့ အင်္ဂလန်လက်ရွေးစင်နောက်တန်းကစားသမားဟောင်းက The Telegraph မှာ ရေးသားထားပါတယ်။ ပထမဦးစားပေးအနေနဲ့ အက်ဒီဟောင်ကိုသာ ကာရေဂါက ရွေးချယ်ဖို့ ယုံကြည်နေပြီး နယူးကာဆယ်နည်းပြဟာ အက်ဖ်အေရဲ့ ဆန်ကာတင်စာရင်းထိပ်ဆုံးမှာရှိနေပါတယ်။
"ဆောက်ဂိတ်ရဲ့နေရာကို အစားထိုးဖို့ ဖြစ်နိုင်ချေရှိသူ တစ်ဦးရှိပါတယ်။ သူကတော့ အက်ဒီဟောင်းပါ။ ကျွန်တော့်အတွက်ကတော့ သူကတော့ ရှေ့ဆုံးမှာရှိနေသူဖြစ်ပါတယ်" "သူဟာ ကလပ်နည်းပြအဖြစ် အကောင်းဆုံးလုပ်ပြထားသူပါ။ ဘုန်းမောက်မှာ အကောင်းဆုံးလုပ်ပြခဲ့သလို နယူးကာဆယ်မှာလည်း ကောင်းကောင်းလုပ်ထားနိုင်ခဲ့ပါတယ်" " အင်္ဂလန်နည်းပြ ရာထူးဆိုတာက သူ့ရဲ့အဆုံးစွန်ဆုံးသော ရည်မှန်းချက်အဖြစ် မြင်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဆွဲငင်အားက အဲဒီ့မှာ ကောင်းကောင်းရှိနေပါတယ်။ သူက စိန်ခေါ်မှုရဲ့ ထူးခြားမှုကို သိနိုင်လောက်အောင် ထက်မြက်ပါတယ်"
"အက်ဖ်အေအတွက် စဉ်းစားရမှာတော့ အက်ဒီဟောင်းအတွက် နယူးကာဆယ်ကနေ ထွက်လာဖို့အတွက် အချိန်ကောင်းဖြစ်မလားဆိုတာကိုပါ။ ကမ်းလှမ်းမှုတွေရှိလာခဲ့ရင်လည်း သူက အများကြီးစဉ်းစားရမှာပါ" "အဲ့ဒီလိုမဟုတ်ခဲ့ရင် ကျွန်တော် တုန်လှုပ်သွားလိမ့်ပါမယ်။ အခြားဦးဆောင်နေတဲ့ နည်းပြတွေကတော့ သင့်လျော်ဖို့အတွက် နီးစပ်မှု မရှိပါဘူး"
"နယူးကာဆယ်မှာ ဆုဖလားတွေရယူပြီး ချန်ပီယံလိဂ်မှာ သူ့ကိုယ်သူ စိန်ခေါ်လိုတဲ့ ရည်မှန်းချက်ကြီးတဲ့ နည်းပြတစ်ယောက်က ပြောင်မြောက်အောင်လုပ်ထားတဲ့အလုပ်နဲ့ စိတ်အားထက်သန်မှုကနေ ရုန်းထွက်ချင်သလားဆိုတာက အကြီးမားဆုံးပြဿနာပါ" လို့ ကာရေဂါက ပြောပါတယ်။