
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖိုးတန်နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၂-၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဘာနာဒိုဆေးလ်ဗားရဲ့ဦးဆောင်ဂိုးကို ရက်ရှ်ဖို့ဒ်က ပယ်နယ်တီမှတဆင့်ချေပခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်မန်စီးတီးက တိုက်စစ်မြှင့်ကစားလာပေမယ့် အက်စတွန်ဗီလာရဲ့ကျစ်လစ်မာကျောတဲ့ခံစစ်ပိုင်းကို မဖြိုခွဲနိုင်ခဲ့ပါဘူး။ နာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားဒိုကူရဲ့ဖန်တီးပေးမှုမှတဆင့် မာသီးယက်စ်နူနက်စ်က အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက အမှတ်ပေးဇယားတတိယနေရာဆီ တက်လှမ်းလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တဖက်မှာလည်း အူနိုင်းအမ်မရီရဲ့အသင်းက အဝေးကွင်းမှာ တစ်မှတ်ရရှိနိုင်တဲ့စွမ်းဆောင်ရည်မျိုးပြသခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ အမှတ်ဗလာနဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။