
ဘာနေဗြူးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားတဲ့ အာဆင်နယ်
ရီးရဲလ်မက်ဒရစ် ၁ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၁-၅)
အာဆင်နယ်အသင်းဟာ အစဉ်အလာတွေအတိုင်းပဲ ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်ကို ဘာနေဗြူးမှာ အနိုင်ကစားပြီး ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ ပွဲစကတည်းကနေ ဘောလုံးကိုင်ပြီး တောက်လျှောက် ထိုးဖောက်ကစားခဲ့ပေမယ့် အာဆင်နယ်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ အတော်လေးခက်ခဲခဲ့ပြီး ဆာလီဘာအမှားလုပ်ခဲ့ချိန်မှာသာ ချေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
တစ်ဖက်တစ်ဂိုးစီနဲ့ပွဲပြီးပြီ ထင်ခဲ့ပေမယ့် ပွဲပြီးခါနီး တန်ပြန်တိုက်စစ်ကနေ မာတင်နယ်လီက အကောင်းဆုံး အဆုံးသတ်ကာ ဘာနေဗြူးမှာ သမိုင်းဝင်နိုင်ပွဲ ထပ်မံရယူနို်ငခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ပီအက်စ်ဂျီနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။