
အမ်းမရိတ်စ်ကွင်းလန်ဒန်ဒါဘီသရေရလဒ်နဲ့အတူ ချန်ပီယံပြေးလမ်းမှာ ခြေချော်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၁-၁ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)
အခုပွဲစဉ်တလျှောက်လုံး အိမ်ရှင်အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ထိုးဖောက်ကစားခဲ့ပေမယ့် မာကျောကျစ်လစ်လှတဲ့ ဧည့်သည်ဘရန့်ဖို့ဒ်ရဲ့ခံစစ်ပိုင်းကို ဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကိုလည်း ပွဲချိန်တစ်နာရီဝန်းကျင်းမှသာ တန်ပြန်တိုက်စစ်မှတဆင့် ပါတေးက ဂန်းနားတွေအတွက် သွင်းယူပေးနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဝစ်ဆာက ဘရန့်ဖို့ဒ်အတွက် ချေပဂိုးကိုသွင်းယူသွားခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဂန်းနားတွေက အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးထက် တစ်ပွဲပိုကစားကာ ၁၀ မှတ်လျော့အနေအထားဖြင့် ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။