လိုက်ပ်ဇစ်မြေမှာ အမှတ်ခွဲဝေယူပြီး အုပ်စုကျွတ်ဖို့ အလားအလာကောင်းသွားတဲ့တဲ့ နယ်သာလန်နဲ့ ပြင်သစ်
နယ်သာလန် ဝ-၀ ပြင်သစ် (ပွဲပြီးရလဒ်)
ဥရောပထိပ်တန်းအသင်းကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲချိန်အတွင်း ပြင်သစ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထိုးဖောက်ကစားခဲ့သလို နယ်သာလန်အသင်းရဲ့တုံ့ပြန်ပုံတွေကလည်း ကောင်းမွန်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းက အင်္ဂလန်နဲ့ စကော့တလန်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ ယူရို-၂၀၂၀ အုပ်စုအဆင့်ပွဲစဉ်နောက်ပိုင်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်တဲ့ ပထမဆုံးဥရောပချန်ပီယံရှစ်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မတိုင်ခင် ယူရိုပြိုင်ပွဲရဲ့ ပွဲ ၅၀ ဆက်တိုက် အနည်းဆုံးသွင်းဂိုးတစ်ဂိုးတော့ မြင်တွေ့ခဲ့ရပါတယ်။