
အမ်ဘာပေရဲ့ဟက်ထရစ်နဲ့ မန်စီးတီးကို ဂိုးပြတ်ချေမှုန်းပြီး နောက်တစ်ဆင့်တက်သွားတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် ၃ - ၁ မန်စီးတီး (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၆-၃)
ရီးရဲလ်မက်ဒရစ်ကတော့ အားနည်းနေတဲ့ မန်စီတီးခံစစ်ကို အကောင်းဆုံး အခွင့်အရေးယူပြီး အမ်ဘာပေရဲ့ဟက်ထရစ်နဲ့အတူ ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
မန်စီးတီးကတော့ ပွဲဆက်တွေများနေတဲ့အတွက် အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဒီဘရိုင်းတို့ကို အနားပေးထားခဲ့တာကြောင့် ယနေ့ည တိုက်စစ်ပိုင်းမှာ ဘာမှမယ်မယ်ရရမလုပ်နိုင်ဘဲ ပွဲပြီးခါနီး ကံကောင်းလို့သာ နှစ်သိမ့်ချေပဂိုးတစ်ဂိုးရခဲ့တာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကတော့ ဘာနေဗြူးမှာ အကောင်းဆုံးလုပ်ပြခဲ့ပြီး နောက်တစ်ဆင့်ကို သာသာယာယာ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အခြားပွဲရလဒ်များ
-----------------
ဒေါ့မွန် ၀ - ၀ စပို့တင်းလစ္စဘွန်း (နှစ်ကျော့ပေါင်းရလဒ် ၃-၀ဖြင့် ဒေါ့မွန် နောက်တစ်ဆင့်တက်)
ပီအက်စ်ဂျီ ၇ - ၀ ဘရက်စ် (နှစ်ကျော့ပေါင်းရလဒ် ၁၀-၀ဖြင့် ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်)