
ပွဲဆူမှုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ ဂွတ်ဒီဆင်ပါ့ခ်မာဆေးဆိုဒ်ဒါဘီ
အဲဗာတန် ၂-၂ လီဗာပူး (ပွဲပြီးရလဒ်)
အခုတစ်ကြိမ်မာဆေးဆိုဒ်ဒါဘီကလည်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာမြင်ကွင်းတွေ မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ဘီတို၊ မက်အယ်လစ္စတာတို့ရဲ့သွင်းဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နှစ်သင်းလုံးတိုက်စစ်မြှင့်ကစားလာခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း လီဗာပူးအတွက် ဦးဆောင်ဂိုးကို မိုဆာလက်က သွင်းယူပေးခဲ့ပြီး အဲဗာတန်ရဲ့ချေပဂိုးကိုတော့ နာကျင်အချိန်ပိုမှာ တာကောစကီးက သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ထူးခြားချက်အဖြစ် အခုပွဲစဉ်အတွက် ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်တွေက သမာသမတ်ကျမှုအပိုင်းမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန် ကာတစ်ဂျုံးစ်နဲ့ ဒူကိုယေးတို့ အပြင်းအထန်အငြင်းအခုံဖြစ်ခဲ့လို့ နှစ်ဦးလုံးနှစ်ဝါတစ်နီပြစ်ဒဏ် ထိခဲ့ကြပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ခုနစ်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြတ်ပြတ်သားသားရပ်တည်နေပါတယ်။