The network connection is lost.

Banner Image

ဒဏ်ရာရရှိခဲ့ပြီးနောက် အကောင်းဆုံးပြန်လာမယ်လို့ ပြောကြားလိုက်တဲ့ ရီစ်ဂျိမ်းစ်

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ နောက်ထပ်တစ်ကြိမ် ဒဏ်ရာရရှိခဲ့ပြီးနောက် အကောင်းဆုံးပြန်လာမယ်လို့ ရီစ်ဂျိမ်းစ်က ပြောကြားလိုက်ပါတယ်။လေ့ကျင့်ရေးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ခံစစ်မှူးဟာ နားရတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ နည်းပြက အတည်ပြုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အောက်တိုဘာလကမှ ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ၄ ပွဲသာ ကစားထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း ဂျိမ်းစ်ဟာ ဒဏ်ရာများစွာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒူးဒဏ်ရာ တံကောက်ကြော ဒဏ်ရာတို့ကြောင့် ၂၀၂၂-၂၃ ရာသီမှာလည်း အကန့်အသတ်ဖြင့် ၁၆ ပွဲသာ ကစားထားရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ၁၀ ပွဲအထိ သာ ရှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူ့ကိုအနားယူဖို့ပြောနေကြပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားကတော့ အရှုံးမပေးဘဲ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။

"ဒီမက်ဆေ့ချ်က ကျွန်တော်ဖြတ်သန်းနေတဲ့ အရာတွေကို နားလည်ပြီး လေးစားတဲ့ လူတွေဆီကိုပါ။ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ် သူတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကြင်နာတဲ့ မက်ဆေ့ချ်တွေက ထင်ထားတာထက် ပိုလွန်သွားပါတယ်"

"ကျွန်တော့်နဲ့ စကားပြောရင်ကို အဆင်ပြေပါတယ်။ ပိုကောင်းလာသလို ပိုဆိုးလာခဲ့တယ်။ နောက်ထပ် စိန်ခေါ်မှုတစ်ခုကို လက်ခံလိုက်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် အကောင်းဆုံးပြန်လာမှာပါ"

"နောက်ဆုံးအနေနဲ့ လာမဲ့ ပွဲတော်ကာလတွေကို ပြောချင်ပါတယ်၊ ဒီအချိန်တွေဟာ လူတိုင်းအတွက် ခက်ခဲပါတယ်။ အားလုံးပဲ ပျော်ရွှင်အေးချမ်းတဲ့ ပွဲတော်ရာသီဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" လို့ အင်စတာဂရမ်စတိုရီတွင် သူက ရေးသားထားပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ အမြန်ဆုံးပြန်ကောင်းလာဖို့နှင့် ကွင်းထဲမှာအကြာကြီးကစားနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။