The network connection is lost.

Banner Image

ကတ္တလန်သို့ ပြန်လာချင်နေဆဲဖြစ်တဲ့ မက်ဆီ

အာဂျင်တီးနားနိုင်ငံသားဟာ ကလပ်ရဲ့ ၁၂၅ နှစ်မြောက်ပွဲကို တက်ရောက်မယ်လို့ ပြောကြားခဲ့ပြီးနောက်မှာတော့ မက်ဆီရဲ့အကြောင်းက ဘာစီလိုနာမှာ နာမည်ကြီးတဲ့ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။

မက်ဆီကလည်း ဘာစီလိုနာသို့ ပြန်လာချင်ကြောင်းကိုလည်း ဖွင့်ဟာပြောဆိုထားတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ရာသီကိုအကောင်းဆုံးစတင်ထားနိုင်မှုအပေါ် သူ့ရဲ့အမြင်ကိုလည်း မက်ဆီက ပြောကြားထားပါတယ်။

မြို့တော်နှင့် ဘယ်လောက်အထိ ဆက်သွယ်မှုရှိခဲ့ကြောင်း အဲ့ဒီမြို့ကို ဘယ်လောက်အထိ ချစ်မြတ်နိုးကြောင်း ပြောဆိုဖို့ မက်ဆီက မရှက်ခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့်ကလေးတွေက အဲ့ဒီမှာမွေးတာပါ၊ ကျွန်တော့် တစ်ဘဝလုံးအဲ့ဒီမှာ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနှင့် သက်ဆိုင်တယ်လို့ ခံစားမိပါတယ်" လို့ မက်ဆီက ပြောထားပါတယ်။

၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့တဲ့ မက်ဆီဟာ လက်ရှိမှာတော့ အင်တာမီယာမီမှာ ကစားနေပါတယ်။ သို့သော်လည်း ကလပ်ရှိသူ့ရဲ့အနာဂတ်က လှုပ်ခတ်မှုတွေရှိနေပြီး စာချုပ်သက်တမ်းကလည်း လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘာစီလိုနာအကြောင်း ပြောကြားရာတွင် အာဂျင်တီးနားနိုင်ငံသားက တစ်နေ့မှာ ပြန်လာလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"တစ်နေ့မှာ အဲ့ဒီမှာပြန်နေဖို့အတွက် ကျွန်တော့်မိသားစုရော ကျွန်တော်ကပါ စဉ်းစားနေပါတယ်။ အဲ့ဒီကဘဝကို ကျွန်တော်တို့ တစ်မိသားစုလုံးက လွမ်းနေတာပါ။ နောက်ပြီး အဲ့ဒီက မိတ်ဆွေတွေကိုလည်း လွမ်းပါတယ်" လို့ မက်ဆီက ပြောပါတယ်။

ဘာစီလိုနာသို့ ပြန်လာမယ့်အကြောင်း ပြောထားခြင်းမဟုတ်ဘဲ မြို့တော်အကြောင်းကိုသာ အာဂျင်တီးနားသားက ပြောတာဖြစ်ကြောင်းကိုတော့ မှတ်ထားရမှာပါ။

ဘာစီလိုနာရဲ့ ရာသီကိုအကောင်းဆုံးစတင်နိုင်မှုနဲ့ပတ်သက်ပြီး "ကျွန်တော် ဘာစီလိုနာရဲ့ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ သူတို့က အကောင်းဆုံးလုပ်နေတာဖြစ်ပြီး အဲ့ဒီအတွက် မအံ့ဩမိပါဘူး" လို့ ပြောပါတယ်။

အထူးသဖြင့် လက်ရှိအခြေအနေမှာ မက်ဆီရဲ့ မကြာသေးမီက ပြောကြားမှုတွေက ဘာစီလိုနာအတွက် စိတ်ဝင်စားစရာဖြစ်ပါတယ်။ အင်တာမီယာမီနှင့် သူ့ရဲ့စာချုပ်က လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဂျင်တီးနားသားကို နူးကမ့်သို့ ပြန်ခေါ်နိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။