The network connection is lost.

Banner Image

ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအတွက်လုပ်ဆောင်မှုတွေကို သဘောကျနေတဲ့ မက်ဆီ

ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာရှိစတင်မှုက အဖွင့်ပွဲစဉ်တွေကိုကစားခဲ့တဲ့လများတွင် ခဏတာမျှချီးကျူးခြင်းခံထားရခြင်း မဟုတ်ပါဘူး။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဂျာမန်နည်းပြရဲ့လက်အောက် ဘာစီလိုနာရဲ့ ပွဲတွေကို ကြည့်ရတာ သဘောကျမိကြောင်း ပြောကြားလိုက်ပါတယ်။

အင်တာမီယာမီကြယ်ပွင့်ဟာ ကြာသပတေးနေ့ Liceu ပြဇာတ်ရုံ၌ကျင်းပမည့် ကလပ်ရဲ့ ၁၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားများတွင် ပါဝင်ရန်အတွက် လာမည့်ရက်သတ္တပတ်တွင် ကတ္တလန်မြို့တော်သို့ထွက်ခွာရန်စီစဉ်ထားပါတယ်။

သူဟာ 'El Nou Clam' မှတ်တမ်းရုပ်ရှင်စီးရီးတွင် ပါဝင်ခဲ့ပြီး ထိုမြို့ဟာ သူ့အတွက် မည်မျှအဓိပ္ပါယ်ရှိသည်ကို ပြောပြခဲ့ပါတယ်။

"ကျွန်တော့်ကလေးတွေက ကတ္တလန်သားတွေပါ ကျွန်တော့်ဘဝတစ်လျှောက်လုံး အဲဒီမှာပဲနေခဲ့ရပါတယ်။ အမှန်တရားကတော့ ကျွန်တော် ဘာစီလိုနာက လာသလိုပဲ ခံစားရတယ်။ ဘယ်အချိန်မဆို ကျွန်တော် အဲဒီနေရာကို သွားနိုင်ခဲ့တယ်"

"ကျွန်တော့်ကလေးတွေ၊ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ဘာစီလိုနာကဘဝကို အရမ်းလွမ်းဆွတ်နေသလို ကျွန်တော်တို့မှာ မိတ်ဆွေတွေအများကြီး ရှိတာကြောင့် အဲ့ဒီမှာ အများကြီး ကျန်ရစ်ခဲ့ပါတယ်" လို့ မက်ဆီက ပြောပါတယ်။ ဒါ့အပြင် မက်ဆီက ဘာစီလိုနာရဲ့ အစောပိုင်းရာသီပုံစံနှင့် လူငယ်ကစားသမားများစွာ ပေါ်ထွက်လာခဲ့ခြင်းအတွက်ကိုလည်း ချီးကျူးပြောကြားထားပါတယ်။

"သူတို့က ကြီးကျယ်ခမ်းနားပုံရပြီး ဒါဟာ အသစ်အဆန်းမဟုတ်တာကြောင့်  မအံ့ဩမိပါဘူး။ ဒါဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဖြစ်ခဲ့တာ ဒါမှမဟုတ် အနည်းဆုံး ကျွန်တော် ၁၃ နှစ်သားအရွယ် ဘာစီလိုနာကို ရောက်ကတည်းက ဖြစ်နေတာပါ"

“ကျွန်တော့်အတွက်ကတော့ လူငယ်လေးတွေက နှစ်အနည်းငယ်ကြာအောင် အခွင့်အရေးရခဲ့တာ အံ့မခန်းပါပဲ။ အခွင့်အရေးတွေပေးပြီး ယုံကြည်မှုတွေရလာတဲ့အခါ သူတို့က တခြားသူတွေထက် ကလပ်ကို ပိုသိကြတာပါတယ်။ ငယ်ငယ်ကတည်းက ဒီလိုပုံစံနဲ့ ကစားလေ့ရှိတာကြောင့် အခုလိုတွေဖြစ်လာတာပါ" လို့ TV3 သို့ ရှင်းပြခဲ့ပါတယ်။

မက်ဆီရဲ့မှတ်ချက်များ ပြောကြားပြီးနောက် မကြာမီ စနေနေ့ညက ဆဲလ်တာဗီဂိုနှင့်ပွဲမတိုင်မီ ပွဲအကြိုသတင်းစာရှင်းလင်းပွဲတွင် မက်ဆီရဲ့ချီးကျူးမှုက ဂုဏ်ယူစရာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖလစ်နှင့် ဘာစီလိုနာအတွက် စိန်ခေါ်မှုမှာ လက်ရှိလူစာရင်းဖြင့် တစ်ရာသီလုံး ပုံစံကောင်းကို ထိန်းသိမ်းရန်ဖြစ်ပါတယ်။

အစောပိုင်းလတွေမှာ ဥရောပရဲ့ အကောင်းဆုံးပုံစံဖြင့် ကစားနေပေမယ့် ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို အနိုင်ယူခဲ့မယ်ဆိုရင် နှစ်သင်းကြားကွာဟမှုက သုံးမှတ်သာ ရှိသွားမှာဖြစ်ပါတယ်။