The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အထိ အလီဆင် ဆက်လက်လွဲချော်မယ်လို့ မျှော်လင့်ထားတဲ့ အန်းစလော့

အသင်းရဲ့လေ့ကျင့်ရေးကွင်းဆီ အလီဆင်ပြန်လာနိုင်ပြီဖြစ်ပေမယ့် လာမယ့်သီတင်းပတ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ လီဗာပူးနည်းပြအန်းစလော့က မမျှော်လင့်ထားပါဘူး။
ဘရာဇီးဂိုးသမားက ပြီးခဲ့တဲ့လ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရကာ အနားယူနေရခြင်းကြောင့် လီဗာပူးအသင်းရဲ့ပွဲထွက်ဂိုးသမားနေရာမှာ ကလယ်ဟာ တာဝန်ယူပေးနေခဲ့ရပါတယ်။ လတ်တလောမှာတော့ အလီဆင်ရဲ့တစ်ဦးချင်းလေ့ကျင့်ရေးအစီအစဉ်တွေ ပြန်လည်စတင်နေပြီဖြစ်ပေမယ့် နည်းပြအန်းစလော့က အသက်-၃၂ နှစ်အရွယ်ဂိုးသမားကို အမြန်ဆုံးပြန်လာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါကြောင့် အလီဆင်က ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်တွေကို ဆက်လက်လွဲချော်သွားလိမ့်မယ်လို့ ယူဆရပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “အထူးသဖြင့် ကြွက်သားဒဏ်ရာတွေနဲ့ပတ်သက်လာရင် ကျွန်တော်တို့တွေ ကစားသမားတိုင်းကို အထူးဂရုစိုက်ပေးပါတယ်။ ဒါပေမယ့် အလီဆင်ကတော့ ဂိုးနည်းပြနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ သူက အသင်းနဲ့တော့ လေ့ကျင့်ခန်းပြန်မဆင်းနိုင်သေးပါဘူး။ မကြာခင် အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပြီးရင်တော့ သူ့ရဲ့ကြံ့ခိုင်မှု ဘယ်အချိန်မှာ ပြည့်ဝသွားမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ တဖြည်းဖြည်းတော့ အလီဆင်ရဲ့အခြေအနေ ပြန်ကောင်းလာနေပါပြီ။ ဒါပေမယ့် တနင်္ဂနွေနေ့၊ ဆောက်သမ်တန်နဲ့ပွဲစဉ်ကိုတော့ ပါဝင်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။
အလီဆင်နဲ့အတူ ဂျိုတာကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။
အလီဆင်က ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးဆိုတာ အငြင်းပွားဖွယ်ရာမရှိပေမယ့် သူမကစားနိုင်ချိန်တွေမှာတော့ လီဗာပူးအသင်းဂိုးပေါက်ကို ကလယ်ဟာက အကောင်းဆုံးစောင့်ရှောက်ပေးနေပါတယ်။ ဘောလုံးရာသီပြီးဆုံးဖို့လည်း အချိန်အကြာကြီးလိုအပ်နေသေးလို့ အလျှင်အမြန်ပြန်ကစားနိုင်ဖို့ထက် အလီဆင် ကြံ့ခိုင်မှုပြည့်ဝနေဖို့သာ အဓိကအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။