The network connection is lost.

Banner Image

ယူရို ၂၀၂၄ ရဲ့ ၁၆ သင်းအဆင့်မှာ အင်္ဂလန်ကို ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာ ရှင်းပြလိုက်တဲ့ ဆလိုဗက်ကီးယားအသင်းခေါင်းဆောင်

ယူရိုပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ကို ယခုရက်သတ္တပတ်ကုန်တွင် စတင်မှာဖြစ်ပြီး အင်္ဂလန်ဟာ တနင်္ဂနွေညနေပိုင်းတွင် Gelsenkirchen ၌ ဆလိုဗက်ကီးယားနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

စာရွက်ပေါ်တွင်မှာတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၄၅ သာ ရှိနေတဲ့အသင်းကို အင်္ဂလန်က အနိုင်ရရှိဖို့ရှိနေသော်လည်း ဆောက်ဂိတ်ရဲ့အသင်းဟာ အုပ်စုပွဲ ၃ ပွဲတွင် ၁ ပွဲသာ အနိုင်ရကာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဆလိုဗက်ကီးယားဟာ အဖွင့်ပွဲစဉ်မှာ ဘယ်လ်ဂျီယံကို အံ့အားသင့်ဖွယ် အနိုင်ရရှိပြီး ရိုမေးနီးယားအသင်းနှင့် သရေကျကာ ယူကရိန်းကို ရှုံးနိမ့်ပြီးနောက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဓိကပြိုင်ပွဲများတွင် ဘာမဆိုဖြစ်သွားနိုင်ပြီး အသက် ၂၉ နှစ်အရွယ် စကီနီယာက သူတို့ရဲ့ပြိုင်ဘက်တွေထက် အဓိကအားသာချက် နှစ်ခုရှိတယ်လို့ ယူဆထားကာ ယူရိုသမိုင်းတွင် အကြီးမားဆုံးသော အောင်မြင်မှုတစ်ခုဖြစ်စေရန် ကူညီပေးနိုင်ကြောင်း ပြောထားပါတယ်။

ပထမဦးစွာ ပီအက်စ်ဂျီဗဟိုနောက်ခံလူက အင်္ဂလန်ဟာ ပြင်ပဖိအားကြောင့် ပြိုပျက်သွားစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ "ပထမပွဲဆုံးပွဲဖြစ်တဲ့ ဆားဗီးယားကို ၁-၀ ဂိုးနဲ့အနိုင်ရတာက သူတို့က အင်္ဂလန်ဖြစ်တယ်ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်"

"ပွဲအပြီးမှာသူတို့ကို မီဒီယာတွေနဲ့ ပရိသတ်တွေ ဝေဖန်ခဲ့ကြတဲ့အတွက် သူတို့ဟာ ကျွန်တော်တို့ထက် အများကြီး ပိုဖိအားပေးခံရလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ"

"ဒုတိယအနေနဲ့ အင်္ဂလန်ဟာ ကွင်းထဲမှာ ချိတ်ဆက်ကစားမှုကင်းမဲ့နေတာကြောင့် စိုးရိမ်စရာရှိနေမှုကို ပြသခဲ့ပြီး ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဒီကလန်ရိုက်စ်တို့လို ကစားသမားတွေက နည်းဗျူဟာပိုင်း နေရာချထားမှု အပြောင်းအလဲမှာ ရုန်းကန်နေရပါတယ်"

"ကျွန်တော့်အမြင်အရတော့ တစ်ဦးချင်းစီရဲ့ အရည်အသွေးကို အားကိုးပြီး ပွဲအတွက် ဆုံးဖြတ်နိုင်တဲ့ ကစားသမားတွေရှိတယ်ဆိုတာ သူတို့သိပါတယ်""ဒါကြောင့် သူတို့ကို အသင်းအဖွဲ့နဲ့ ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်သူတို့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်"

"ခံစစ်အဆင့်က သေချာပေါက် အရေးကြီးပါတယ်။ ကျွန်တော်တို့က တိုက်စစ်မှူးတွေကို ခုခံကာကွယ်ရမှာပါ။ ဒါပေမယ့် အဓိကက ဘောလုံးကစားဖို့ပါ""ကျွန်တော်တို့ ကစားနိုင်တယ်ဆိုတာကို သူတို့ကို ပြသရပါမယ်။ သူတို့လိုချင်တာကို သိတဲ့အသင်းနဲ့ ဆန့်ကျင်ကြောင်း သူတို့ကိုသိစေရမှာပါ" လို့ စကီနီယာက ပြောပါတယ်။

ဆလိုဗက်ကီးယားဟာ အင်္ဂလန်တစ်ကြိမ်မှ အနိုင်မယူခဲ့ဖူးတာဖြစ်ပြီး ၅ ကြိမ်ရှုံး သရေ ၁ ကြိမ် ရလဒ်ရှိနေတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နိုင်ပွဲက စလိုဗက်ကီးယားသမိုင်းတွင် အကောင်းဆုံးရလဒ်ဖြစ်ကြောင်း စကီနီယာက ပြောကြားခဲ့ပါတယ်။