
စပိန်မြေမှာ အနိုင်အရှုံးရလဒ်မပြတ်သားခဲ့တဲ့ ဆိုစီဒက်နဲ့ ယူနိုက်တက်
ဆိုစီဒက် ၁-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
အခုပွဲစဉ်တလျှောက်လုံး တစ်ဖက်နဲ့တစ်ဖက် နည်းဗျူဟာပိုင်းအားပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ယှဉ်ပြိုင်မှုတစ်ခုကို မြင်တွေ့ရခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း ဇစ်ဇီရဲ့ကန်ချက်မှတဆင့် ယူနိုက်တက်တို့ရရှိခဲ့ပြီး အိမ်ရှင်တွေအတွက် လိုအပ်နေတဲ့ချေပဂိုးကို အိုရာဇာဘယ်လ်က ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် အိုးထရက်ဖို့ဒ်မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်က ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဆီ ဘယ်သူတွေ ခရီးဆက်နိုင်မလဲဆိုတာ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
အခြားပွဲစဉ်ရလဒ်များ
------------------
အယ်လ်ခမာ ၁-၀ တော့တင်ဟမ်
ဖီနာဘာချီ ၁-၃ ရိန်းဂျားစ်
စတူအာဘူခါရက် ၁-၃ လိုင်ယွန်