ပြန်အဆင်ပြေခဲ့ပြီးနောက် ဟန်နီးမွန်းထွက်နေတဲ့ အန်ဒီကာရိုးတို့ ဇနီးမောင်နှံ
အန်ဒီကာရိုးတစ်ယောက် ကောင်မလေး ၂ ယောက်နဲ့ တစ်အိပ်ရာထဲမှာ ရှိနေခဲ့လို့ တက်ခဲ့တဲ့ပြဿနာတွေကို ဖြေရှင်းပြီးနောက်မှာ ဇနီးဘီလီမက္ကလိုနဲ့ ပြန်အဆင်ပြေသွားပြီး မနေ့ကပဲ နှစ်ယောက်သား ဟန်းနီးမွန်းထွက်ခဲ့ကြပါတယ်။
၃၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ဇနီးလောင်းနဲ့ မင်္ဂလာဆောင်ခါနီးမှ ကွဲမလိုဖြစ်ခဲ့ကြတာဖြစ်ပြီး အခုချိန်မှာတော့ နှစ်ယောက်ပြန်အဆင်ပြေကာ တူရကီစားသောက်ဆိုင် တစ်ခုမှတွဲပြီး မြင်တွေ့ခဲ့ရပါတယ်။ အက်ဆက်မြို့ရှိ ပီယာဘားနဲ့စားဖွယ်ဆိုင်မှာ သိုးသားတုတ်ထိုးခဲပတ်ကို စားခဲ့ကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဒူဘိုင်းသွားတုန်းက မိန်းကလေးနှစ်ယောက်နဲ့ အိပ်ရာထဲရောက်တာတောင် မသိခဲ့တဲ့ထိ ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ၁၀ ပေါင်တန် ကော့တေးကို ကာရိုးတစ်ယောက်ထိတောင် မထိခဲ့ပါဘူး။
ပြီးခဲ့တဲ့လကမှ ၃၄ နှစ် အရွယ်ရှိ ဘီလီဟာ ကာရိုးရဲ့လူမှုရေးပြဿနာတွေကို သိရှိခဲ့ပြီးနောက်မှာ စေ့စပ်လက်စွပ်ကိုလည်း ချွတ်ထားခဲ့တာပါ။ ကာရိုးတို့စုံတွဲက ၂၀၁၄ ကတည်းက စေ့စပ်ထားတာဖြစ်ပြီး မက္ကစီကိုကိုလည်း ဟန်းနီးမွန်းထွက်ခဲ့ပါတယ်။ သတင်းရင်းမြစ်တစ်ခုကတော့ “ အန်ဒီက ဟိုပြဿနာဖြစ်ပြီး တော်တော်လေး အကျပ်အတည်းဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူတို့နှစ်ကြားက သစ္စာပျက်ယွင်းသွားတာမျိုး မရှိခဲ့လို့ ဟန်းနီးမွန်းထွက်ခဲ့တာပါ။ သူ့အကျင့်တွေကိုလည်း အကောင်းဆုံးပြင်နေပါတယ်။ ဘီလီအနားမှာ မရှိရင် အရမ်းလွတ်လွတ်လပ်လပ်နေတတ်တဲ့ ပုံစံတွေကိုလည်း သူပြင်နေပါတယ်။ အခုတော့ သူတို့က တရားဝင်လင်မယားတွေဖြစ်နေကြပါပြီ။ အန်ဒီလည်း ဒီလောက်ဆို သင်ခန်းစာရလောက်ပြီထင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။
ဖြစ်ခဲ့တဲ့ ပြဿနာကတော့ နယူးကာဆယ်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းဟာ ၂၇ နှစ်အရွယ် ဘားမန်နေဂျာ တေလာဂျင်းဝီလ်ကီးနဲ့ ၂၆ နှစ်အရွယ် ကြံ့ခိုင်ရေးနည်းပြ ဖိုဘီရော့ဘ်တို့ရဲ့ ဖိတ်ကြားမှုကြောင့် ဒူဘိုင်းမှာတစ်နေကုန် အရက်သောက်ခဲ့ပါတယ်။ မူးရူးပြီးမှောက်နေတဲ့ ကာရိုးတစ်ယောက် ဘာမှမသိပဲ ဟိုတယ်ခန်းထဲရောက်နေချိန်မှာ တေလာက ဓာတ်ပုံတွေရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ သူနဲ့ကာရိုးတို့ ဘာမှမဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဇနီးလောင်း ဘီလီကိုလည်း တောင်းပန်ခဲ့ပါတယ်။ တေလာက “ သူ(ကာရိုး)က တကယ့်လူကြီးလူကောင်းပါ။ သူသောက်တာများသွားပြီး အိပ်ရာပေါ်မှာ မှောက်သွားခဲ့ပါတယ်။ သူဘာမှ မလုပ်ခဲ့ပါဘူး၊ သူလုပ်ချင်ရင်တောင် မလုပ်နိုင်လောက်အောင် မူးနေတာပါ ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘီလီကတော့ ဒီပြဿနာကြောင့် အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး လက်စွပ်ကိုလည်း ချွတ်ထားခဲ့သလို သူမရဲ့ Whatsapp ပရိုဖိုင်းမှာ တင်ထားခဲ့တဲ့ သူတို့သားလောင်းကာရိုးရဲ့ ပုံတွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။ သူငယ်ချင်းတွေကိုလည်း လက်ထပ်ဖို့စိတ်မပါတော့ဘူးလို့လည်း ပြောခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ ကာရိုးကို ပြန်လက်ခံခဲ့ပြီး ဒီလအစောပိုင်းကမှ ဟမ့်ရှိုင်းယားရှိ Four Seasons မှာ လက်ထပ်ပွဲကို အကျဉ်းချုံးပြီးပဲ ကျင်းပသွားခဲ့ပါတယ်။