The network connection is lost.

Banner Image

ဂန္ထဝင်မှသည် နည်းပြအဖြစ်သို့ ရုပ်လုံးဖော်ခြင်း (ဗီအဲရာ)

လက်ရှိ ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန်မှာ ၂ ပွဲပဲ အရေးနိမ့်ခဲ့ကာ အဲ့ ၁၁ ပွဲထဲမှာ တော့တင်ဟမ်နဲ့ မန်စီးတီးလိုအသင်းမျိုးတွေကို အနိုင်ကန်ထားတာတွေ ပါဝင်နေတာကြောင့် ပဲလေ့စ်နည်းပြ ဗီအဲရာကို ချီးကျူးတာက တရားပါတယ်။

ရိုင်ယန်ဟော့ဆန်နေရာမှာ အစားဝင်လာပြီးသိပ်မကြာခင်မှာပဲ အာဆင်နယ်ဂန္ထဝင်ဟောင်းက မထင်မှတ်ထားတာတွေက လုပ်ပြနေတာ ဖြစ်ပါတယ်။ အချို့သုံးသပ်သူတွေက ဗီအဲရာတစ်ယောက် နည်းပြဘဝမှာ ရလဒ်တွေမကောင်းတာကြောင့် ပဲလေ့စ်မှာလည်း ယခင်တုန်းကလိုပဲ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ကစားသမားဘဝကနေ အနားယူပြီး နည်းပြဘဝကိုကူးပြောင်းခဲ့ရာမှာ သူအကြောင်းကို ခရေစေ့တွင်းကျ ထဲထဲဝင်ဝင် ပါဝင်သိနားလည်ခဲ့တဲ့သူတွေကတော့ ဗီအဲယာရဲ့ တိုးတက်မှုတွေကို အံ့အားသင်စရာအဖြစ် ရှိနေခဲ့မှာ မဟုတ်ပါဘူး။

လူငယ်တွေ ဖွံဖြိုးတိုးတက်ရေးမှာ အားသွန်ခွန်စိုက်သင်ပေးဖို့ဝန်လေးခဲ့တဲ့ ဗီအဲရာ
=================
ဗီအဲရာအတွက်တော့ ကစားသမားဘဝကနေ နည်းပြဖြစ်လာဖို့ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ပြောရမယ်ဆိုရင်တော့ ဗီအဲရာဟာ နည်းပြတစ်ဦးဖြစ်လာဖို့စိတ်ကူးထားခဲ့တာ မဟုတ်ပါဘူး။

၂၀၁၁ ခုနှစ်မှာတော့ ဗီအဲရာတစ်ယောက် မန်စီးတီးမှာ အနားယူခဲ့ကာ အသင်းမှာ မတူညီတဲ့နေရာတစ်ခုဖြစ်တဲ့ ကလပ်ရဲ့ ambassador နဲ့VIP role အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ကစားသမားဘဝအနားယူလိုက်ချိန်မှာ မန်စီးတီးကနေ ထွက်ခွာသွားဖို့ပထမတော့ သူ စိတ်ကူးခဲ့ပါတယ်။ ဒါပေမဲ့  အာဆင်နယ် နဲ့ ရှက်ဖီးလ်တောင်ပံကစားသမားဟောင်း ဘရိုင်ယန်မာဝုဒ်ရဲ့လမ်းညွှန်မှုနဲ့ မန်စီးတီးအသင်းရဲ့ ဘောလုံးစီမံခန့်ခွဲရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ မာဝုဒ်ရဲ့ ကျေးဇူးကြောင့်ဘဲ သူဟာ စီမံခန့်ခွဲရေးပိုင်းကို ရောက်သွားခဲ့တာလို့ဗီအဲရာက ချီးကျူးခဲ့ပါတယ်။

"ကျွန်တော် ဘောလုံးကစားတာ ရပ်လိုက်ချိန်မှာ  ဘယ်လမ်းကို သွားရမလဲ အမှန်တကယ်မသိခဲ့ဘူး အဲ့အချိန်မှာ ဘရိုင်ယန်က ကျွန်တော့်ဆီရောက်လာပြီး လမ်းပြခဲ့ကာ အုပ်ချုပ်မှုပိုင်းနဲ့ပက်သက်ပြီး ကျွန်တော့်အမြင်ကို ပွင့်စေခဲ့ပါတယ်။ သူက ကျွန်တော့်ကို မန်စီးတီးအသင်းရဲ့လူငယ်အကယ်ဒမီမှာ ဒီထက်ပိုပြီး အချိန်ပေးဖို့ တိုက်တွန်းခဲ့သလို အဲ့မှာ အချိန်ကြာလာတာနှင့်အမျှ ကစားသမားတွေကို ပိုချစ်လာသလို ကလပ်ကိုလည်း ပိုချစ်လာခဲ့ပါတယ်"လို့ ဗီအဲရာက ဆိုပါတယ်။

ဝေးလ်မှာ နည်းပြဘဝအတွက် လိုအပ်တာတွေ သင်ယူခဲ့တဲ့ ဗီအဲရာ
============================
အာဆင်နယ် ကစားသမားဟောင်းအနေနဲ့ မန်ချက်စတာတောင်ပိုင်းက လေ့ကျင့်ရေးကွင်းတွေမှာ နည်းပြလုပ်ချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာခဲ့ပြီးနောက် ဗီအဲရာရဲ့ အသင်းအုပ်ချုပ်မှုစတိုင်နဲ့ အတွေးအခေါ်ဒဿနတွေက နယူးပို့ဆင်ခြေဖုံးမှာ စတင် ပေါက်ဖွားခဲ့ပါတယ်။ ဘယ်နေရာမှာ နည်းပြသင်တန်းဆင်းလက်မှတ် ယူရမလဲလို့ ဆုံးဖြတ်တဲ့နေရာမှာ ဗီအဲရာတစ်ယောက် ပြင်သစ်အသင်းဖော်ဟောင်းလည်းဖြစ် ချဲလ်ဆီးနောက်ခံလူဟောင်းလည်းဖြစ်တဲ့ မာဆယ် ဒီဆိုင်လီရဲ့ ညွှန်ပြပေးမှုနဲ့အတူ ဝေးလ်ဘောလုံးလောကရဲ့ အိမ်တစ်ခုလို့ ဆိုရမယ့် Dragon Parkကို သွားရောက်ခဲ့ပါတယ်။

Dragon Parkမှာ သင်တန်းတက်ခဲ့သူတွေက ဗီအဲရာ တစ်ဦးတည်းမဟုတ်ပဲ အတန်းဖော်တွေအဖြစ် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ၊ ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တို  မာတီးနက်ဇ်၊ ဝေးလ် ကစားသမားဟောင်း ဘယ်လာမီတို့လည်း ပါဝင်ခဲ့ပါတယ်။ အားလုံးက ကစားသမားဘ၀ ကုန်ဆုံးခါနီး ဘောလုံးသမားတွေအပြင် ဝေးလ် ပရီးမီးယားလိဂ်က နည်းပြတွေလည်း ပါဝင်ပြီး အတွေ့အကြုံရင့်သူတွေပဲ ဖြစ်ကြပါတယ်။

ပဲလေ့စ်နောက်ခံလူဟောင်း ခရိတ် ဟာရစ်ဆင်ကလည်း TNSအသင်းကို ကိုင်တွယ်နေစဉ် ဗီအဲရာနဲ့အတူ သင်တန်းတက်ခဲ့ပါတယ်ဟာရစ်ဆင်ဟာ ဗီအဲရာနဲ့ ကွင်းထဲမှာ ရင်ဆိုင်ခဲ့ဖူးပေမဲ့ သင်တန်းမှာတော့ ယခင်က ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အားသွန်ခွန်စိုက် ကစားခဲ့စဉ်တုန်းကလို မဟုတ်တော့တာကို မှတ်မိနေပါတယ်။

ဟာရစ်ဆင်က “ပက်ထရစ်က အလွန်အန္တရာယ်များတဲ့ ကစားသမားဖြစ်ပြီး သူက လူကောင်လည်း ကြီးပါတယ်။ သူကို ကြည့်လိုက်တာနဲ့ ခန္ဓာကိုယ် အရွယ်အစားကြောင့် ကြောက်ဖို့ကောင်းနေပေမဲ့ လူကောင်းတစ်ယောက်ပါ”“သူက လေသံအေးအေးနဲ့ပဲ စကားပြောပြီး အနေအေးသူ တစ်ယောက်ပါ။ သူ နည်းပြနေစဉ်မှာကော၊ စကားပြောနေစဉ်မှာကော အရမ်းပြင်းထန်တဲ့ အရာတွေ မပြောပါဘူး။ သူက သူလုပ်ဖို့ကြိုးစားနေတာကို နည်းစနစ်တကျ လုပ်တတ်သူ ဖြစ်ပါတယ်”

“သူက အတွေးအခေါ်လည်း အရမ်းကောင်းသူ တစ်ယောက်ပါ။ ဘောလုံးကစားခဲ့တုန်းက ရွိုင်ကိန်းနဲ့ အပြိုင်ကြဲခဲ့တဲ့ ဗီအဲရာက တကယ်တမ်းမှာ အဲ့ဒီလိုစိတ်ရှိတဲ့ ဗီအဲရာ မဟုတ်ပါဘူး”“သူက မိသားစုလို စကားပြောတတ်သူတစ်ဦး ဖြစ်ပြီး ဘောလုံးအကြောင်းနဲ့ပက်သက်ပြီးလည်း အသိပညာ ကြွယ်ဝပါတယ်။ သူ့အပေါ် ဘောလုံးကပဲ စိုးမိုးနေပြီး ခင်ဗျားတို့ကိုလည်း ထိပ်ပိုင်းရောက်ချင်တယ်ဆိုရင် ဘောလုံးနဲ ့ပက်သက်လို့အရူးအမူးဖြစ်နေရပါမယ်”လို့  ဆိုခဲ့ပါတယ်။

သူငယ်ချင်း၊ နည်းပြဆရာ၊ တာဝန်တွေကို စေခိုင်းတတ်သူ
=============
ဗီအဲရာတစ်ယောက် ၂၀၁၅ခုနှစ် နိုဝင်ဘာလက မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းတွင် နည်းပြစတင်ဖြစ်လာပြီးနောက် အထင်အရှားကို အဆိုပါလက္ခဏတွေနဲ့ကိုင်တွယ်ခဲ့ပါတယ်။ အသင်းမှာလည်း ဥရောပကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ပီယာလို၊ဒေးဗစ်ဗီလာ၊ဖရန့်လမ်းပတ်တို့ ရှိနေပြီး အမေရိကန်ဘောလုံးအတွေ့အကြုံရှိတဲ့ ပြည်တွင်းကစားသမားတစ်ချို့နဲ့အတူ ပေါင်းစပ်ကာ ဗီအဲရာ ဦးဆောင်ခဲ့ပါတယ်။

သူရဲ့ အရည်အသွေးပြည့်မီတဲ့ ကိုင်တွယ်မှုနှင့်အတူ ဗီအဲရာတစ်ယောက် ကောင်းစွာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အမေရိကန်လူငယ်ကစားသမားဟောင်း အီသန်ဝှိုက်က အဆိုပါအချိန်မှာ နယူးယောက်ခ်စီးတီးတွင် ရှိနေပြီး ဗီအဲရာက အဝတ်စားလဲခန်းထဲကို ဘာပြဿနာမှ ယူဆောင်လာလေ့သူ မဟုတ်ကြောင်း ပြောပါတယ်။

“သင်တွေ့တဲ့အတိုင်းဘဲ ခုဆို ပဲလေ့စ်ကစားသမားတွေက နည်းစနစ်အတိုင်းကို စနစ်တကျ လျင်မြန်စွာ ကစားနိုင်တယ် သူတို့အားလုံးက ဗီအဲယာအပေါ်ကိုလည်း လေးစားမှုအပြည့် ရှိကြသလို ပုဂ္ဂိုလ်ရေးအရလည်း နှစ်သက်ကြတယ်။  သူက သူငယ်ချင်းတစ်ယောက်အသွင် နည်းပြဆရာအသွင် ဖြစ်လာပါတယ်”ဟု ပြောပြပါတယ်။

သူငယ်ချင်းတစ်ယောက်အသွင် ဖြစ်သော်လည်း လိုအပ်လာရင်လည်း ကစားသမားတွေကို ကြိမ်းမောင်းဖို့ဝန်မလေးကြောင်း ဝှိုက်က သူရဲ့ အတွေ့အကြုံကို ဖွင့်ဟပါတယ်။ တစ်ရက်တုန်းက ဝှိုက်တစ်ယောက် ကားကြပ်လို့အသင်းရဲ့ အစည်းအဝေးကို နောက်ကျခဲ့ရာတွင် ချက်ချင်းဘဲ ပွဲထွက် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

“သူက ခက်ခဲတဲ့အချိန်မှာရော နူးညံ့ညင်သာတဲ့ အချိန်မှာရော  သင်္ဘောပဲ့ထိန်းကို ဦးဆောင်တဲ့ ကပ္ပတိန်ပါ။ သူမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ရှိပြီး သင်က ဒါကိုလည်း လေးစားမှု ရှိရပါတယ်”မန်စီးတီးလူငယ်အသင်းတွင် ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံတွေကို ရယူပြီး ဗီဲအဲယာဟာ ယနေ့လိဒ်စ်အသင်းတွင် ခြေစွမ်းပြကစားနေတဲ့ ဟာရီဆင်ကိုလည်း ပျိုးထောက်ပေးခဲ့သူ ဖြစ်ပါတယ်။ ဟာရီဆင်ဟာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ဗီအဲယာက ၎င်းအား သွန်သင်ပျိုးထောင်ကာ ပထမအသင်းမှာ နေရာရစေခဲ့ပါတယ်။

“ဂျက်က အများကြီး ပက်ထရစ်ဆီကနေ အကျိုးကျေးဇူးတွေ ရခဲ့ပါတယ်။ ဟာရီဆင်ကို သူအနေဖြင့် အသေအချာကို ပျိုးထောက်ပေးခဲ့တာလို့ထင်ပါတယ်”ဟု ဝှိုက်က ဆက်လက်ပြောကြားခဲ့ပါတယ်။

နယူးယောက်ခ်တွင် အောင်မြင်သော်လည်း နိုက်စ်တွင် ရုန်းကန်ခဲ့ရသူ
============
နယူးယောက်ခ်တွင် ပထမရာသီမှာ အဆင့်၄၊ ဒုတိယရာသီမှ အဆင့်၂ ရအောင် အကောင်းဆုံးစွမ်းဆောင်ပြခဲ့သော်လည်း ၂၀၁၈ခုနှစ်က အခွင့်အရေးရတုန်း နိုက်စ်သို့ပြောင်းခဲ့ရာမှာ ဗီအဲရာ ကံဆိုးခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်တောင်ပိုင်းမှာ ရှိနေတဲ့ အချိန်တွေက ဗီအဲရာအတွက် သူက ယုံကြည်ရသူတွေနှင့် သူအပေါ် ယုံကြည်သူတွေ ဝန်းရံမှု ရှိခြင်းက ဘယ်လောက်အရေးပါသလဲဆိုတာ သိနားလည်စေခဲ့ပါတယ်။နိုက်စ်သို့ပြောင်းရွှေ့ခဲ့ခြင်းတွင် ဥက္ကဌ ရီဗာရီနှင့် အားကစားဒါရိုက်တာ ဂျူလီယန်တို့ရဲ့ မဲဆွယ်မှုကြောင့် အဓိကဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လပိုင်းအကြာတွင် ပိုင်ရှင်သစ် ပြောင်းလဲမှုနဲ့အတူ ဗီအဲယာဟာ နိုက်စ်အသင်းနှင့် လမ်းခွဲခဲ့ရပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဗီအဲယာဟာ သူရဲ့ ပထမဆုံးရာသီမှာဘဲ နိုက်စ်အသင်းကို အဆင့်၇နေရာရအောင် ကူညီပေးခဲ့ပြီး အရင်နှစ်က သူမရောက်မီ ရှိခဲ့တဲ့နေရာထက် တစ်ဆင့်ပိုကောင်းအောင် စွမးဆောင်ပေးခဲ့ပါတယ်။ဒုတိယရာသီမှာလည်း အဆင့်၅အထိ ရအောင် ဦးဆောင်ခဲ့ပါတယ်။ နောက်ပိုင်း သူထွက်ခွာခဲ့ရခြင်းတွင် ဗီအဲယာရဲ့ အသင်းအပေါ် ကစားခိုင်းတဲ့ နည်းစနစ်နှင့် ကစားသမားတွေအပေါ် အသုံးချမှုတွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ တတိယမြောက်ရာသီတွင် ပထမဆုံးလတွေမှာဘဲ ၅ပွဲဆက်တိုက် ရှုံးနိမ့်မှု ကြုံပြီးနောက် နိုက်စ်အသင်းက ဗီအဲရာကို ထုတ်ပယ်ခဲ့ပါတယ်။

အသင်းနဲ့နည်းပြ တစ်သားတည်း ဖြစ်ပြီလား
===============
ဗီအဲရာက နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဖြစ်လာတာနဲ့ တစ်ပြိုင်တည်း သူမျက်စိမှိတ် ယုံကြည်လို့ရတဲ့သူတွေကိုပဲ သူ့အနားမှာခေါ်ထားခဲ့ပါတယ်။ သူ့ရဲ့လက်ထောက်နည်းပြ အော့စီယန်ရောဘတ်ဆိုရင် ဝေးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ အားကစားဒါရိုက်တာဖြစ်ပြီး သူ့ရဲ့ရာထူးကိုပါ စွန့်ပြီး ဗီအဲရာရဲ့ လက်ထောက်နည်းပြလုပ်နေတာ ဖြစ်ပါတယ်။

ရောဘတ်နည်းတူ ဗီအဲရာရဲ့ ကျန်နည်းပြအဖွဲ့ဝင်တွေဟာလည်း စာချုပ်သက်တမ်း ကုန်ဆုံးမယ့်ကစားသမားအနည်းဆုံး ၁၂ ယောက်လောက်ရှိနေတဲ့ ကိစ္စတွေအပါအဝင် အခြားပြဿနာတွေကို ဝိုင်းဝန်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ချို့တွေ ထွက်သွားခဲ့ပေမယ့် ဗီအဲရာကတော့ သူ့ရဲ့ကိုယ်ပိုင်စတိုင်နဲ့ အသင်းကိုရအောင် ပုံသွင်းခဲ့ပါတယ်။ အသက်အရွယ်ရနေတဲ့ ခံစစ်မှူးတွေနေရာမှာ မာ့ခ်ဂူဟီ၊ ဂျိုအာချင်အန်ဒါဆန်တို့လို လူငယ်ခံစစ်မှူးတွေကို ခေါ်ယူခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်ပိုင်းအတွက်ကိုလည်း ၁၉ နှစ်အရွယ် မိုက်ကယ်အိုလီဆီကို အပြီးခေါ်ယူထားပြီး ၂၁ နှစ်အရွယ် ကော်နာဂယ်လာဟာကိုတော့ ချဲလ်ဆီးကနေ အငှားနဲ့ခေါ်ယူခဲ့ပါတယ်။ ခံစစ်ရော ကွင်းလယ်ကိုပါ သွေးသစ်လောင်းခဲ့ပြီး ဂယ်လာဟာဆိုရင် ပြင်သစ်သား နည်းပြကြီး လက်အောက်တော်တော်လေး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်မှာ သွင်း ၄ ဂိုးသွင်းထားပြီး ဗီအဲရာက ဂယ်လာဟာကို တိုက်စစ်အသားပေး ကစားစေခဲ့ပါတယ်။

ပဲလေ့စ်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာလည်း ဂယ်လာဟာ ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ပဲလေ့စ်ကို တာဝန်ယူတာ အချိန်တိုအတွင်းပဲရှိသေးလို့အောင်မြင်မှုရမယ်ဆိုတာ ပြောဖို့စောလွန်းသေးပေမယ့် အသင်းအတွက် အံ့ဝင်မယ့် နည်းပြတစ်ဦးဆိုတာတော့ ဗီအဲရာ ပြသထားနိုင်ခဲ့ပါတယ်။

မန်နေဂျာဘဝကို ဝင်ရောက်ဖို့အစပိုင်းတုံ့ဆိုင်းနေခဲ့တဲ့ ဗီအဲရာတစ်ယောက် အနာဂတ်တွင် အောင်မြင်သူတစ်ဦးဖြစ်လာဖို့အတွက် စိန်ခေါ်မှုတွေကို ရဲရဲရင်ဆိုင်မယ့်သူ ဖြစ်လာနေပြီဆိုတာတော့ အသေအချာပင် ဖြစ်ပါတယ်။