The network connection is lost.

Banner Image

ဘာစီလိုနာပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ယာမဲလ်

ဘာစီလိုနာတောင်ပံကစားသမား ယာမဲလ်က လာလီဂါချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် အခုမှစတင်တာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၁၇ နှစ်သားဟာ အက်စ်ပန်ညိုအသင်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အံ့ဖွယ်သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။

စပိန်သားဟာ အသက် ၁၇ နှစ်သာရှိသေးပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အခုထက်ပိုတဲ့အောင်မြင်မှုတွေရယူဦးမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“အိပ်မက်ကတော့ အမှန်တကယ်ဖြစ်လာပါပြီ။ ဘာစီလိုနာနဲ့အတူ  လာလီဂါချန်ပီယံဆုရယူနိုင်ခဲ့တာက တကယ်အံ့ဖွယ်ပါ။ ဒါပေမယ့် အခုအောင်မြင်မှုက အစပဲရှိပါသေးတယ်။ ပရိသတ်တွေကိုလည်း အခုမှာအစပဲရှိသေးတယ်လို့ ပြောချင်ပါတယ်။ အောင်မြင်မှုတွေဆက်တိုက်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ အဲ့တာကို ပုံသေမှတ်ထားပါတယ်”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ ဒီရာသီဘာစီလိုနာအတွက် ၅၃ ပွဲမှာ ၁၇ ဂိုးသွင်း ၊ ၂၅ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အခုအပတ်ထဲမှာတင် ချဲလ်ဆီးစတား ပယ်လ်မာက ယာမဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီလက်ကျန် ၂ ပွဲအဖြစ် ဗီလာရီးရဲလ် ၊ ဘီလ်ဘာအိုနဲ့ကန်ရဦးမှာဖြစ်ပါတယ်။