
ဘာစီလိုနာကိုအရေးနိမ့်ခဲ့ပြီးနောက် ခြေကျင်းဝတ်ဒဏ်ရာရရှိနေတဲ့ ရီးရဲလ်စတား
ရီးရဲလ်အသင်းဘက်က တောင်ပံကစားသမား ဗင်နီဆီးယက်စ်တစ်ယောက် အယ်လ်ကလက်ဆီကိုပွဲအပြီးမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတယ်လို့ အတည်ပြုလိုက်ပါတယ်။
ဘရာဇီးသားဟာ အဆိုပါပွဲမှာ လူစားလဲခဲ့ရပြီး ဘာစီလိုနာကအနိုင်ရခဲ့တာကြောင့် လာလီဂါချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။ အခုချိန်မှာလည်း ရီးရဲလ်အသင်းဘက်က အသက် ၂၄ နှစ်သားဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတာဖြစ်ပြီး ဘယ်လောက်နားရမလဲဆိုတာ မသိသေးဘူးလို့ အတည်ပြုခဲ့ပါတယ်။
“ဒီနေ့မှာ ဗင်နီကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်ခြေကျင်းဝတ်အခြေအနေက နည်းနည်းဆိုးပါတယ်။ ရလဒ်အခြေအနေကို စောင့်ဆိုင်းနေဆဲပါ”လို့ ရီးရဲလ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဘရာဇီးသားဒဏ်ရာပြဿနာက ရီးရဲလ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပြီး လာလီဂါချန်ပီယံဆုအိပ်မက်က ထိခိုက်လာဖွယ်ရှိနေပါတယ်။ လက်ကျန် ၃ ပွဲအလိုမှာ ရီးရဲလ်အသင်းဟာ ဘာစီလိုနာက ၇ မှတ်အထိ ကွာဟနေပြီး သင်္ချာနည်းအရတော့ ဖြစ်နိုင်ချေရှိနေသေးတာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေကြောင့် ဗင်နီတစ်ယောက် အခုလာမယ့်ဗုဒ္ဓဟူးနေ့ မာယော့ကာနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။