The network connection is lost.

Banner Image

နည်းပြဖလစ်လက်အောက် အထိုင်ကျဖို့ ခက်ခဲကြောင်း ဝန်ခံပြောကြားလာတဲ့ ဘာစီလိုနာစတား

ဘာစီလိုနာစတား ရက်ရှ်ဖို့ဒ်က ရာသီကြိုခရီးစဉ်ဟာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ယူနိုက်တက်မှာ နေရာရဖို့မသေချာတော့တာကြောင့် အင်္ဂလန်သားဟာ ဘာစီလိုနာထံပြောင်းရွှေ့ခဲ့ကာ နည်းပြ ဖလစ်လက်အောက်မှာ အထိုင်ကျဖို့ ခက်ခဲကြောင်းလည်း ဝန်ခံပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်တစ်ယောက် နည်းပြဖလစ်ရဲ့နည်းစနစ်ပိုင်းတွေဟာ ပြင်းထန်တာကြောင့် အာရှခရီးစဉ်အတွင်းမှာ အထူးသဖြင့် ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ဒီမှာက လေ့ကျင့်ခန်းအစီအစဉ်တွေက အရမ်းပြင်းထန်ပါတယ်။ အဲ့တာက ရှင်းပြဖို့ ခက်ခဲသလို ရာသီကြိုခရီးစဉ်အတွင်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော် နေ့တိုင်းအလုပ်ကြိုးစားခဲ့သလို ရာသီဥတုကလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပါတယ်။ ပြေးလွှားတာက မခက်ခဲပေမယ့် ဘောလုံးနဲ့အတူ လေ့ကျင့်တာအပြင် တည်ငြိမ်အောင်ထိန်းသိမ်းရတာက ခက်ခဲပါတယ်။ ဒီအခြေအနေမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ရတာကြောင့် ရှုပ်ထွေးပါတယ်။ အရိုးသားဆုံးပြောရရင် ဒီမှာရှိတဲ့ကစားသမားတွေနဲ့ အတူတူကစားရတာက လန်းဆန်းပါတယ်။ ပီဒရီလိုကစားသမားမျိုးကလည်း သူ့အလေ့အထနဲ့ ကစားတာပါ။ သူ့အသက် ၂၂ နှစ် ဒါမှမဟုတ် ၂၃ နှစ်ပဲရှိလောက်ပါသေးတယ်။ ဒီရာသီကတော့ ကျွန်တော့်အတွက် ရာသီကောင်းတစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲ့တာနဲ့ ဆုဖလားတွေဆိုရင်တော့ ဆုဖလားတွေပဲရွေးချယ်မှာပါ”လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ကို မှတ်ပုံတင်နိုင်ဖို့ ဘာစီလိုနာအနေနဲ့ အလျင်အမြန်လုပ်ဆောင်ရမှာဖြစ်ပြီး လာလီဂါအဖွင့်ပွဲအဖြစ် မာယော့ကာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ သြဂုတ်လမကုန်ခင် ကစားသမားတွေကို အပြီးသတ်မှတ်ပုံတင်နိုင်ဖို့ လုပ်ဆောင်နေပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ ပွဲဦးထွက်ပါဝင်ခွင့်ရဖို့စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ရက်ရှ်ဖို့ဒ်အနေနဲ့ ဖလစ်ရဲ့နည်းစနစ်အောက်မှာ အသားကျလာမယ်ဆိုရင် အစောပိုင်းပြသခဲ့တဲ့စွမ်းဆောင်ရည်တွေကြောင့်လည်း အပြီးသတ်ပြောင်းရွှေ့ဖို့ အလားအလာများနေပါတယ်။