The network connection is lost.

Banner Image

ရာသီကြိုခြေစမ်းပွဲကို အရှုံးနဲ့စတင်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယမန်နေ့ညက ပထမဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ရိုဆင်ဘော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၁-၀ ဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲ စတင်ကြုံတွေ့ခဲ့ရပါတယ်။

ယခုပွဲစဉ်မှာ မန်နေဂျာအဲရစ်တန်ဟက်ဟာ မေဆင်မောင့်၊ ကတ်စ်မဲရိုးနဲ့ မားကက်ရက်ရှ်ဖို့ဒ်တို့ အပါအဝင် စီနီယာကစားသမား ၆ ဦးအထိ ပွဲထွက် ကစားသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အသည်းအသန်ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

ရိုဆင်ဘော့က ဂိုးပေါက်ကန်သွင်းမှုတွေမကြာခဏပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား ဗီတက်ခ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ ယူနိုက်တက်ဘက်ကလည်း ပထမပိုင်းမှာ အပိုင်အခွင့်အရေးရခဲ့ပြီး အီသန်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် ရိုဆင်ဘော့ဂိုးသမားက နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တန်ဟက်က ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ကစားပုံက ထူးခြားမလာဘဲ ဂိုးသမား ဗီတက်ခ်အနေနဲ့ ကာကွယ်မှုတွေတောက်လျှောက်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲပြီးကာနီး အချိန်ပို ၉၀+၃ မိနစ်မှာတော့ ရိုဆင်ဘော့က အနိုင်ဂိုးရခဲ့ပြီး လူးစားဝင်ကစားသမား နိုဟာဟုမ်းက မထင်မှတ်ဘဲရရှိလာတဲ့ အပိုင်အခွင့်အရေးမှတစ်ဆင့် အနီးကပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ခြေစမ်းပွဲစဉ်အဖြစ် ရိန်းဂျားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ အာဆင်နယ်နဲ့ ဆက်လက်ခြေစမ်းသွားမှာဖြစ်ပါတယ်။