
The network connection is lost.

ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်က ဒေါ့မွန်နဲ့ချန်ပီယံလိဂ်ပွဲမှာ ပထမပိုင်းဂိုးမရှိ သရေကျခဲ့တာက ပွဲရဲ့အရေးပါမှုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျာမန်သားက ပထမပိုင်းရလဒ်ကြောင့် ဒုတိယပိုင်းမှာ မိမိတို့အနိုင်ရမယ်ဆိုတာကို သိခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
ချန်ပီယံလိဂ်ဖလားတစ်လုံး ထပ်ရခဲ့တာကြောင့် ခရူးစ်ဟာ ချန်ပီယံလိဂ် ၆ လုံးအထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ ခရူးစ်ဟာ ရီးရဲလ်အတွက်အရေးပါတဲ့ ကာဗာဂျယ်ရဲ့အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ခရူးစ်က “ကျွန်တော်တို့ ပထမပိုင်းမှာ ဂိုးမပေးလိုက်ရတာက ဒီပွဲရဲ့အဖြေဖြစ်လာခဲ့ပါတယ်။ အဲ့တာက တော်တော်လေးအရေးပါခဲ့တာပါ။ ကျွန်တော်တို့အကောင်းဆုံး အသင်းမဖြစ်လာခင် အချိန်အကြာကြီးယူခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်ဟာ ပထမပိုင်းမှာ ရီးရဲလ်အသင်းထက်ပိုကောင်းတဲ့အသင်းဖြစ်ခဲ့သလို အဒီယီမီနဲ့ နစ်ကလက်စ်တို့ ဂိုးမဝင်ခဲ့တာကြောင့် ကံဆိုးခဲ့တာဖြစ်ပါတယ်။ အဆိုပါဂိုးတွေသာ ဝင်ခဲ့မယ်ဆိုရင် ဒေါ့မွန်က ဦးဆောင်နိုင်မှာဖြစ်ပြီး မတူညီတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တာဖြစ်ပါတယ်။
ခရူးစ်ဟာ ဂျာမနီအသင်းနဲ့ ယူရိုပြိုင်ပွဲဝင်ဦးမှာဖြစ်ပြီး အဲ့နောက် ကစားသမားဘဝကနေ အနားယူမှာဖြစ်ကာ ဆုဖလားအောင်မြင်မှုတွေထပ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။