The network connection is lost.

Banner Image

နာမည်ကျော် နည်းပြတွေရဲ့ နှလုံးသားကို ဖမ်းစားထားသူများ

ဘောလုံးသမားတွေဟာ လူနေမှုမြင့်မားတဲ့ဘဝမှာ မော်ဒယ်လေးတွေနဲ့ ဒိတ်လုပ်တာများသလို နည်းပြအများစုကလည်း လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသမီးတွေနဲ့ လက်တွဲထားပါတယ်။ အခုလို လူမှုမီဒီယာတွေ ထွန်းကားလာတဲ့ခေတ်ကြီးမှာ ဘောလုံးသမားတွေရဲ့အတူနေချစ်သူ၊ ဇနီးသည်တွေအပြင် နည်းပြတွေရဲ့အတူနေချစ်သူ၊ ဇနီးသည်တွေလည်း လူသိများလာပါတယ်။

ရန်းနစ်
--------
ယူနိုက်တက်နည်းပြ ရန်းနစ်ဟာ ဇနီးဖြစ်သူနဲ့ လျှို့ဝှက် ကွာရှင်းလိုက်ပြီးနောက် အခုတော့ သူ့ထက် အသက်ပိုငယ်တဲ့ ဖလော်ဆိုတဲ့ကောင်မလေးနဲ့ တွဲနေပါတယ်။ ဂျာမန်သားကြီးနဲ့ သူ့ရဲ့အသည်းကျော် အတူနေချစ်သူတို့ဟာ အာဆင်နယ်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့အိမ်ကွင်းပွဲမှာ ကွင်းထဲ လာရောက်ကြည့်ရှုခဲ့ရာကနေ ပရိသတ်တွေ စတင်သတိထားမိခဲ့ကြပြီး သူတို့နှစ်ယောက်ကို ယူနိုက်တက်အသင်း တည်းခိုတဲ့ လော်ရီဟိုတယ်မှာလည်း အတူတွေ့ရပါတယ်။ အသက် ၆၃နှစ်အရွယ်ရှိ ရန်းနစ်ဟာ ဆယ်ကျော်သက်ဘဝကတည်းက တွဲလာတဲ့ ဇနီးသည် ဂါဘရီလမ်းရန်းနစ်နဲ့ လမ်းခွဲလိုက်ပြီးနောက် အခုတော့ အချစ်သစ်နဲ့ ပျော်ရွှင်နေပါတယ်။

အာတီတာ
----------
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ကွင်းတွင်း ကွင်းပြင် အောင်မြင်တွေ ရရှိနေပါတယ်။ စပိန်နိုင်ငံသား အာတီတာဟာ ၂၀၀၂ခုနှစ်မှာ အာဂျင်တီးနားမော်ဒယ်လေး လော်ရီနာဘာနယ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် လက်ထပ်ခဲ့ပါတယ်။ စပိန်အလှမယ်ဟောင်း ဘာနယ်ဟာ အသက် ၉နှစ်အရွယ်ကတည်းက အာဂျင်တီးနားကနေ စပိန်ကို ရောက်ရှိအခြေချလာတာဖြစ်ပြီး Miss World ပြိုင်ပွဲမှာလည်း ထိပ်ဆုံး ၁၀ဦးစာရင်း ဝင်ခဲ့ပါတယ်။

ဂွါဒီယိုလာ
----------
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ခရစ္စတီးနားဆာရာနဲ့ လက်ထပ်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ ဆယ်ကျော်သက်ဘဝမှာကတည်းက တွေ့ဆုံလက်တွဲခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါ ဂျာနယ်လစ်တစ်ဦးဖြစ်နေတဲ့ ဆာရာဟာ ဖက်ရှင်လောကနဲ့ မစိမ်းသူဖြစ်ပြီး သူ့မိသားစုက Serra Claret လို့ ခေါ်တဲ့ အဆင့်မြင့်ဖက်ရှင်စတိုးဆိုင်ကို စပိန်နိုင်ငံမှာ ဖွင့်ထားပါတယ်။ ဘရာဇီးနိုင်ငံသူ ဆာရာကို ၁၉၇၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး လူမှုမီဒီယာတွေတော့ မသုံးပါဘူး။

ဝိန်းရွန်းနီ
----------
ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီနဲ့ ဇနီးဖြစ်သူ ကောလင်းရွန်နီတို့ဟာ ကျောင်းမှာကတည်းက ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အခုချိန်အထိ တွဲလက်တွေ ခိုင်မာနေဆဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက် ၁၆နှစ်အရွယ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီကတည်းက လက်တွဲလာတာ ဒီနေ့အထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ချစ်ခရီးလမ်းက တစ်ခါတလေ ကြမ်းတမ်းခက်ထန်ခဲ့ပေမယ့် အခုတော့ တည်ငြိမ်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မကြာသေးခင်ကမှ ချက်ရှိုင်းယားမှာ ကြီးမားတဲ့စံအိမ်ကြီးကို ဝယ်ယူခဲ့ပါတယ်။

ဒီယေဂိုဆီမြွန်နီ
-------------
ဒီယေဂိုဆီမြွန်နီဟာ အက်သလက်အသင်းကို ဥရောပရဲ့လူရိုသေ ရှင်ရိုသေအသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း လာလီဂါချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ အက်သလက်ဟာ လာလီဂါဖလား ၂ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၂ကြိမ်ရယူထားပါတယ်။ အသက် ၅၁နှစ်အရွယ်ရှိ ဆီမြွန်နီဟာ ရှုမငြီးတဲ့ချစ်ဇနီးလေး ကာလာပီရေးရာကို ပိုင်ဆိုင်ထားပြီး အဲဒီမော်ဒယ်လေးက ဆီမြွန်နီထက် အသက် ၂၀ နီးပါး ပိုငယ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်က တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီကတည်းက သူတို့နှစ်ယောက်ကြားထဲ ဘယ်အရာမှ ဝင်လို့မရတဲ့အထိ တွဲလက်တွေ ခိုင်မြဲနေပါတယ်။

စတီဗင်ဂျရတ်
-------------
အက်စတွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်နဲ့ ဇနီးဖြစ်သူ အဲလက်စ်ကာရန်တို့ဟာ လွန်ခဲ့တဲ့ ၁၄နှစ်ကတည်းက တွဲလာတာဖြစ်ပြီး ကာရန်က မော်ဒယ်အဖြစ်သာမက Daily Mirror သတင်းစာမှာလည်း ကော်လံစားအဖြစ် ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။ ကာရန်ဟာ ''အဲလက်စ်''ဆိုတဲ့နာမည်နဲ့ ရေမွှေးထုတ်လုပ်ရောင်းချခဲ့ပြီး ၂၀၀၇ ခုနှစ်က အင်္ဂလန်ရဲ့ရောင်းအားအကောင်းဆုံးစာရင်းဝင်ဖြစ်ခဲ့ပါတယ်။