
လီဗာပူးနှင့် အာဆင်နယ်တို့ရဲ့ အဆင့်အတန်းကို ပြောကြားလိုက်တဲ့ သောမက်စ်ဖရန့်ခ်
အချိန်ပို ပထမမိနစ်မှာ ပရီးမီးယားလိဂ်မှာဦးဆောင်နေတဲ့ အသင်းအတွက် ဒါဝင်နူနက်ဇ်က ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အချိန်မှာ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးမသွင်းခင် နောက်ဆုံး ၁၂ ပွဲမှာ တစ်ဂိုးသာရထားတဲ့ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ပွဲပြီးရန် နှစ်မိနစ်အလိုမှာ လီဗာပူးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ စနေနေ့ညနေပိုင်းမှာ အက်စတွန်ဗီလာနဲ့ ကစားရမယ့် ဒုတိယနေရာက အာဆင်နယ်ကို ၇ မှတ်ဖြတ်ထားလိုက်ပါတယ်။
အင်္ဂါနေ့ညက မန်စီးတီးနဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမတိုင်မီ အိမ်ကွင်းမှာ ဖရန့်ခ်ရဲ့ ဘရန်ဖို့ဒ်ဟာ အာဆင်နယ်ကို ဒီလအစောပိုင်းက ရှုံးခဲ့တာဖြစ်ပြီး လီဗာပူးကတော့ သူတို့ရဲ့ အမှတ်ပေးဖလားပြိုင်ဘက်တွေထက် သာနေတယ်လို့ ဘရန်ဖို့ဒ်နည်းပြက ထင်နေပါတယ်။ "ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းလို့ ကျွန်တော်ယူဆထား အံ့မခန်းကောင်းလှတဲ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတယ်လို့ ထင်ပါတယ်" လို့ ဘရန့်ဖို့ဒ်က လီဗာပူးကို ရှုံးနိမ့်အပြီးမှာ ဖရန့်က ပြောပါတယ်။
"ဟုတ်ပါတယ် သူတို့က နံပါတ်တစ်ပါ။ ဒါကြောင့် ဘယ်သူ့ကိုမှ အံ့သြစရာလို့ မထင်ပါဘူး၊ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးအသင်းလည်း ဖြစ်နိုင်ပါတယ်" "ကျွန်တော်တို့က မန်စီးတီး၊ အာဆင်နယ်နဲ့ကစားခဲ့သလို အခုလည်း လီဗာပူးနဲ့ ဆက်တိုက်ကစားခဲ့ပါတယ်။ သူတို့ဟာ တခြားနှစ်သင်းထက်ပိုတဲ့ အဆင့်တစ်ခုမှာရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲရဲ့ အဆင့်အားလုံးမှာ ပိုပြည့်စုံသွားပါပြီ ဟုတ်တယ်၊ အရမ်းကောင်းတယ်ပါတယ်"
"ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲတစ်လျှောက်လုံး ကောင်းကောင်း ယှဉ်ပြိုင်ခဲ့တယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ကောင်းကောင်း ကာကွယ် ခဲ့တယ်လို့ ထင်ခဲ့ပါတယ်" "လီဗာပူးရဲ့ ပြီးပြည့်စုံတဲ့ စံနမူနာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဂိုးမရှိသရေက တရားမျှတမှုလို့ မဆိုနိုင်ပေမယ့် လီဗာပူးက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့က ကျွန်တော်တို့ထက် ဘောလုံးပိုင်ဆိုင်မှုပိုရပြီး အခွင့်အရေးတွေ ပိုရလာမှာကို ငြင်းခုံလို့မရပါဘူး"
"ဒါဟာ လီဗာပူးရဲ့ ပြီးပြည့်စုံတဲ့ စံနမူနာတစ်ခုပါပဲ။ သူတို့က ထူးထူးခြားခြားကို ကောင်းမွန်နေတဲ့အသင်းပါ။ ဘောလုံးက သူတို့နားကျလို့ အနိုင်ရရှိခဲ့တာ မဟုတ်ပေမယ့် သူတို့အသင်းက ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာပါ" "သူတို့အသင်းက အရမ်းကြိုးစားပါတယ်။ ဒီနေ့အတွက် လီဗာပူးအဖို့ ဥပမာပေးရရင် ဗန်ဒိုက်က ကိုက် ၅၀၊ ၆၀ ကျော်အကွာမှာ အမ်ဘီယူမိုကို နောက်ကနေလိုက်တဲ့အရာပါ"
"ကျွန်တော်တို့က အခွင့်အရေးကောင်းတွေကို ဖန်တီးပေးခဲ့တယ်လို့ ထင်ပေမယ့် အရည်အသွေး၊ ထက်မြက်မှု၊ ထိထိရောက်မှုတွေ နည်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့က ကောင်းကောင်း ကာကွယ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ကိုနာတေနဲ့ ဗန်ဒိုက်ပါ" လို့ သောမက်စ်ဖရန့်ခ်က ပြောပါတယ်။