The network connection is lost.

Banner Image

လက်ထောက်နည်းပြသစ် နစ္စတယ်ရွိုင်းကို ချီးကျူးလိုက်တဲ့ တန်ဟက်

ယူနိုက်တက်နည်းပြ တန်ဟက်က လက်ထောက်နည်းပြသစ် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်ရဲ့ဒီအန်အေကို ယူဆောင်လာမယ့်သူလို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်ဟာ လက်ထောက်နည်းပြနေရာအတွက် ဂန္ထဝင်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် တိုက်စစ်နည်းပြ မက္ကာသီ နဲ့ ဂိုးနည်းပြ ရစ်ချက်ဟာတစ်တို့လည်း ထွက်ခွာခဲ့ပြီး ဖလက်ချာနဲ့ ဝီလ်ကော့ချ်တို့က စီနီယာအသင်းနည်းပြအဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။

နစ္စတယ်ရွိုင်းပြန်လာတာက ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါတယ်။ တန်ဟက်ကလည်း အသက် ၄၇ နှစ်သားဟာ ဖာဂူဆန်လက်အောက်မှာကစားဖူးတာကြောင့် အသိပညာကြွယ်ဝနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ပထမဆုံးအရာက သူ့ရဲ့စရိုက်လက္ခဏာပါ။ သူ့ကိုခေါ်ယူနိုင်လိုက်တာက အသင်းအတွက် အကျိုးရှိလာနိုင်သလို သူက ယူနိုက်တက်ရဲ့ဒီအန်အေကို ယူဆောင်လာနိုင်ပါတယ်။ သူက နည်းပြတစ်ဦးအနေနဲ့ ကောင်းမွန်တဲ့စရိုက်လက္ခဏာကို ပြသထားနိုင်ခဲ့ပါတယ်။ နယ်သာလန်လက်ထောက်နည်းပြအနေနဲ့ သူ့မှာအတွေ့အကြုံအများကြီးရှိနေပါတယ်။ ပီအက်စ်ဗွီနဲ့လည်း သူလုပ်ပြထားနိုင်ပါတယ်။ သူက ငယ်ရွယ်သလို ရည်မှန်းချက်လည်း ရှိပါတယ်။ သူ့ရဲ့အတွေ့အကြုံကောင်းတွေက ကစားသမား နဲ့ အသင်းအတွက် အကူအညီဖြစ်စေမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်အေဖလား ရရှိထားခဲ့ပေမယ့်လည်း တန်ဟက်က စီနီယာနည်းပြအဖွဲ့ထဲမှာ အပြောင်းအလဲဖြစ်လာတာက အရေးပါတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတုန်းက ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လိုချင်တာကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာနဲ့တော့ မလုံလောက်သေးပါဘူး။  ကျွန်တော်တို့ ရှေ့ဆက်ပြီး အောင်မြင်မှုရယူချင်ပါတယ်။ နစ္စတယ်ရွိင်းနဲ့ ဟာကီတို့ကိုရလိုက်တာ တကယ်ကျေနပ်စရာပါ။ သူတို့က အသင်းအတွက် ခွန်အားအသစ်တွေပေးနိုင်ပါတယ်”လို့ တန်ဟက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“သူ(ဟာကီ)မှာက အတွေ့အကြုံကောင်းတွေရှိပါတယ်။ အရမ်းငယ်ရွယ်တဲ့အချိန်မှာ သူကနည်းပြအဖြစ် စတင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံကောင်းတွေက ကျွန်တော်တို့အတွက် အများကြီးအကူအညီဖြစ်စေမှာပါ”လို့ တန်ဟက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။