မိခင်ကလပ် ယူနိုက်တက်ကို ဦးတည်ပြီး တိုက်ခိုက်လိုက်တဲ့ ချဲလ်ဆီးစတား
ချဲလ်ဆီးတောင်ပံကစားသမား ဆန်ချိုက မိမိမှာ လူတွေမှားယွင်းကြောင်းသက်သေပြဖို့ အများကြီးရှိနေတယ်လို့ အခိုင်အမားပြောကြားလိုက်ပါတယ်။ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက တန်ဟက်နဲ့အချင်းများခဲ့ပြီးနောက် ယူနိုက်တက်အသင်းထံကနေ ချဲလ်ဆီးအသင်းထံ ၁ ရာသီအငှားလာကစားနေတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်သားကိုယ်တိုင်က တန်ဟက်နဲ့အဆင်ပြေခဲ့ပြီလို့ ပြောကြားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကနေထွက်ခွာဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့နောက် ချဲလ်ဆီးအသင်းထံ ၁ ရာသီအငှား + အပြီးသတ်ဝယ်ယူခွင့်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး မာရက်စ်ကာလက်အောက်မှာ ဒေါ့မွန်တုန်းကအတိုင်း ခြေစွမ်းပြနေတာဖြစ်ပါတယ်။
ဆန်ချိုဟာ တော့တင်ဟမ်နဲ့လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီးအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အသင်းအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် သူ့အနေနဲ့ သံသယသမားတွေအပြင် လူတွေမှားယွင်းကြောင်း သက်သေပြသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
“ပထမဆုံးနေ့ကတည်းက ချဲလ်ဆီးက ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ ကျွန်တော် လူတွေအများကြီးကို သက်သေပြရမယ်ဆိုတာ သိပါတယ်။ အဲ့အတွက်လည်း လေ့ကျင့်ခန်းအစီအစဉ်မှာ နေ့တိုင်း ကြိုးစားနေပါတယ်။
ကျွန်တော်အခွင့်အရေးရလာတိုင်း လုပ်နိုင်သမျှလုပ်ဆောင်သွားမှာပါ။ ဒီနေ့မှာ ကျွန်တော် ဂိုးသွင်းနိုင်လို့ ပျော်သလို အသင်းကိုလည်း အနိုင် ၃ မှတ်ယူပေးနိုင်ခဲ့ပါတယ်။
နောက်တစ်ကြိမ်လည်း တစ်ပွဲချင်းကို အချိန်ယူပြီး ဒီစွမ်းဆောင်ရည်အတိုင်းဆက်လက်ပြသချင်ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးခဲ့သလို အခွင့်အရေးပေးခဲ့တဲ့ ချဲလ်ဆီးအသင်း နဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်”လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးမှာ ဆန်ချိုအနေနဲ့ ပြဿနာအနည်းငယ်ရှိနေပေမယ့် မာရက်စ်ကာနဲ့တော့ အဆင်ပြေတာကြောင့် လာမယ့် အက်စ်တာနာနဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။