နေမာရရှိနေတဲ့လုပ်ခလစာထက် ၂ ဆပိုရရှိနေတဲ့ ရော်နယ်ဒို
ယူနိုက်တက်နဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုတစ်ယောက် ၂၀၂၃ ဇန်နဝါရီတုန်းက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားဟာ အယ်လ်နာဆာအသင်းကို ချန်ပီယံဖြစ်အောင် ဦးမဆောင်နိုင်ခဲ့ပေမယ့် ၂၀၂၃ - ၂၄ ရာသီတုန်းက ၅၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုတစ်ယောက် ဘော်လွန်းဒီအော်ဆုနဲ့တော့ လွဲချော်ခဲ့ပါတယ်။
Capology သတင်းဌာနရဲ့အဆိုအရ ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်ရဲ့လုပ်ခလစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုရဲ့လုပ်ခလစာဟာ နေမာ၊ ဘန်ဇီးမားတို့ရဲ့ ၂ ဆ ရရှိနေတယ်လို့ သိရပါတယ်။ အယ်လ်-ဟီလယ်စတား မာရက်ဇ်ထက်တော့ ၃ ဆနီးပါးရရှိနေတာဖြစ်ပါတယ်။
ဆော်ဒီလိဂ်မှာ ထိပ်တန်းကစားသမားတွေဟာ လုပ်ခလစာအများအပြားရရှိနေပြီး ၂၀၂၄ - ၂၅ ရာသီမစခင်မှာ ကက်စ်မဲရိုး ၊ အီဒါဆန် ၊ အလီဆင်နဲ့ ဒီဘရိုင်းတို့လို ကစားသမားတွေကို ချိတ်ဆက်နေပါတယ်။ နေမာဟာ အယ်လ်-ဟီလယ်အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာကြောင့် နေမာဟာ ယူရိုသန်း ၂၀ လောက်စီကို အလကားနီးပါးရရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးသားဟာ မကြာခင်မှာ ပြန်လာနိုင်ဖို့နီးစပ်နေပြီး အသင်းရဲ့ချန်ပီယံဆုကာကွယ်ရေးအတွက် ကူညီဖွယ်ရှိနေပါတယ်။