The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီးနောက် ပီအက်စ်ဂျီကို သတိပေးလိုက်တဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီကို လုံးဝ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ယုံကြည်မှုအပြည့်နဲ့ သတိပေးစကား ဆိုလိုက်ပါတယ်။ ရိုက်စ်က မကြာသေးခင်က ပီအက်စ်ဂျီကို အက်စတွန်ဗီလာ အသင်းက ဒုက္ခပေးခဲ့ပုံကို ထောက်ပြပြီး ဒါက အာဆင်နယ်အတွက် အားတက်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရိုက်စ်ကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ပွဲ နှစ်ကျော့စလုံးမှာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တာပါ။ ပထမအကျော့မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးနှစ်ဂိုး သွင်းပေးခဲ့သလို၊ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဒုတိယအကျော့မှာလည်း ကွင်းလယ်ကို စိုးမိုး ကစားပြခဲ့ပါတယ်။ ဒီလို ခြေစွမ်းတွေကြောင့်ပဲ အာဆင်နယ်ဟာ ၁၆ နှစ်ကြာမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

TNT Sports နဲ့ အင်တာဗျူးမှာ ရိုက်စ်က "ပီအက်စ်ဂျီက ထိပ်တန်းအသင်းပါ။ အရင်က တစ်ခါ ကစားဖူးပါတယ်။ အခု သူတို့က အဲ့ဒီတုန်းကနဲ့ မတူတော့ဘူးလို့ ခံစားရတယ်။ သူတို့ ဘာတွေ လုပ်နိုင်လဲ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ မနေ့ညက ဗီလာက သူတို့ကို ဘယ်လို ဒုက္ခပေးခဲ့လဲ ဆိုတာကိုလည်း ကျွန်တော်တို့ မြင်ထားပါတယ်" ဆိုပြီး ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အတွက် လတ်တလော အာရုံစိုက်ရမှာကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် အစ်ဆွစ်နဲ့ ပရီးမီးယားလိဂ်ပွဲပါ။ဒါပေမဲ့  ရိုက်စ်ကတော့ အာဆင်နယ်ရဲ့ ရည်မှန်းချက်ဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူဖို့ပဲလို့ အခိုင်အမာ ဆိုပါတယ်။ 

"ဒီညဟာ ကလပ်အတွက် သမိုင်းဝင် ညတစ်ညပါပဲ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက် ရှိတယ်။ အကောင်းဆုံး အသင်းတွေကို ကစားပြီး ဒီဖလားကို ရယူချင်တယ်။ ရီးရဲလ်က အရင်က အကြိမ်ပေါင်းများစွာ Comeback လုပ်ပြခဲ့ဖူးလို့ သူတို့ ပြန်လာနိုင်မယ် ဆိုပြီး ပြောနေကြတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ နိုင်မယ်ဆိုတဲ့ ယုံကြည်မှု အပြည့်ရှိခဲ့တယ်။ စိတ်ထဲမှာ ယုံကြည်ထားတဲ့အတိုင်း လက်တွေ့မှာ လုပ်ပြနိုင်ခဲ့တယ်။ ကလပ်အတွက် တကယ် ဂုဏ်ယူစရာပါ။ ကလပ်ကို မရောက်ခင်ကတည်းက အသင်း တိုးတက်နေတာကို ခံစားမိတယ်။ ပရီးမီးယားလိဂ်မှာတော့ ခက်ခဲခဲ့တယ်၊ မနှစ်က တစ်မှတ်နဲ့လွဲ၊ ဒီနှစ်လည်း လက်လွတ်သွားပြန်ပြီ။ ဒါပေမဲ့ ဒီချန်ပီယံလိဂ်မှာတော့ ကျွန်တော်တို့ တကယ် ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်" လို့ ရိုက်စ်က ထပ်ပြောပါတယ်။