The network connection is lost.

Banner Image

ကလပ်ရဲ့ ပဉ္စမမြောက် ခေါ်ယူမှုအဖြစ် ချဲ့လ်ဆီးသို့ ရောက်ရှိလာတဲ့ ရီနာတိုဗီဂါ

စွယ်စုံရ အသက် ၂၀ အရွယ် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်နှင့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်ပါရှိတဲ့ ၇ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

 

လက်စတာမှ ဒူစ်ဘယ်ရီဟော၊ အက်စ်တွန်ဗီလာမှ ကယ်လီမန်း၊ ဘာစီလိုနာမှ ဂူယီနှင့် ဖူလ်ဟမ်မှ တိုဆင်အက်ဒီရာဘီယို တို့ကို ခေါ်ယူပြီးနောက် ဗီဂါဟာ နွေရာသီတွင် ချဲ့လ်ဆီးရဲ့ ပဉ္စမမြောက် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

 

ချဲလ်ဆီးနှင့် ဘေဆယ်တို့ကြား ရက်သတ္တပတ်အတော်ကြာ ဆွေးနွေးပြီးနောက်တွင် ယခင်က အာဆင်နယ်နှင့် ဝုဖ်တို့နှင့် ချိတ်ဆက်ခဲ့ဖူးတဲ့ ဗီဂါဟာ ပေါင် ၁၂ သန်းဝန်းကျင်ဖြင့် လန်ဒန်အနောက်ပိုင်းသို့ ရောက်ရှိလာတာဖြစ်ပါတယ်။

 

ဗဟိုခံစစ် ဘယ်နောက်တန်းနဲ့ ကွင်းလယ်ခံစစ်မှာ ကစားနိုင်တဲ့ ပေါ်တူဂီ ယူ ၂၁ လက်ရွေးစင်ကစားသမားဟာ လာမယ့်ရက်တွေမှာ ရာသီကြိုလေ့ကျင့်မှုအတွက် မာရက်စ်ကာရဲ့ ပထမအသင်းနဲ့အတူ ပူးပေါင်းဖို့ မျှော်လင့်ထားပါတယ်။

 

"ကျွန်တော်ဒီမှာရှိနေရတာ လုံးဝကို အံ့သြစရာပါပဲ" 

 

"ဒါက အင်္ဂလန်ရဲ့ အကြီးမားဆုံးကလပ်တွေထဲက တစ်ခုဖြစ်ပြီး ကျွန်တော့်အတွက် အကြီးကျယ်ဆုံး အသင်းတစ်သင်းဖြစ်ပြီး သူတို့နဲ့အတူ စတင်ဖို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်" လို့ ဗီဂါက ချဲလ်ဆီးရဲ့တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

 

လစ္စဘွန်းနွယ်ဖွား လူငယ်ကစားသမားလေးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘွန်ဒက်လီဂါကလပ် ဘော့စ်ဘတ် သို့ အငှားမပြောင်းမီ စပို့တင်းအကယ်ဒီမီတွင် အကောင်းဆုံးနှစ်ကို ဖြတ်သန်းခဲ့ပါတယ်။

 

သူဟာ ပြီးခဲ့တဲ့နွေရာသီက ဘေဆယ်သို့ပြောင်းရွေ့ခဲ့ပြီး ဆွစ်ဇာလန်ရှိ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၆ ပွဲတွင် ကစားခဲ့မှုတွေက ချဲလ်ဆီးရဲ့ ဆွဲဆောင်စေခဲ့တာဖြစ်ပါတယ်သည်။

 

နိုင်ငံတကာအဆင့်တွင် ဗီဂါဟာ ပေါ်တူဂီ ယူ ၂၁ ရဲ့ ဥရောပချန်ပီယံရှစ်ခြေစစ်ပွဲများတွင် အမြဲပါဝင်နေသူ တစ်ဦးဖြစ်ပြီး လာမယ့်နှစ် စလိုဗက်ကီးယား၌ကျင်းပမယ့် ပြိုင်ပွဲမတိုင်မီ လက်ရွေးစင်အသင်းရဲ့ ၆ ပွဲစလုံးကို အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်။

 

အရပ် ၆ ပေ ၃ လက်မ ရှိတဲ့ ဗီဂါဟာ ဘောလုံးရှိနေတဲ့အချိန်ရော မရှိနေတဲ့အချိန်တွေမှာပါ ပွဲကိုထိန်းချုပ်ကစားတက်တဲ့ ပြီးပြည့်စုံတဲ့ သူအဖြစ် ကစားပြထားတာဖြစ်ပါတယ်။

 

"ကျွန်တော်က ထက်မြက်ပြီး စိတ်အားထက်သန်တဲ့ ကစားသမားပါ"

 

"ကျွန်တော့်အတွက် ဘောလုံးကစားရတာ သက်တောင့်သက်သာရှိပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်မှုကြောင့် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးအဖြစ် ဖော်ပြချင်ပါတယ်"

 

"ကွင်းထဲရှိ နေရာတော်တော်များများမှာ ကစားနိုင်ပါတယ်။ ပြိုင်ဘက် ဒါမှမဟုတ် နည်းဗျူဟာပိုင်းတွေအပေါ် မူတည်တဲ့အတွက် အကြိုက်ဆုံးနေရာကို မပြောလိုပေမယ့် ဘယ်နောက်တန်း၊ ဗဟိုခံစစ်နဲ့ ခံစစ်ကွင်းလယ်မှာ ကစားဖူးပါတယ်"

 

"ကျွန်တော်က ခံစစ်ပိုင်းမှာကစားရတာကို အရမ်းနှစ်သက်ပြီး အရပ်အမောင်းနဲ့ ကြံ့ခိုင်မှုအရ သဘောကျမိတယ်။ ဘောလုံးရှိတဲ့အချိန်ရော မရှိတဲ့အချိန်မှာပါ ထိန်းချုပ် ကစားရတာကို ကြိုက်ပါတယ်" လို့ ဗီဂါက ရှင်းပြပါတယ်။