The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားအမီ လီဗာပူးစတားကိုခေါ်ယူနိုင်မယ့် ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လီဗာပူးစတား အာနိုးလ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အခုလအစောပိုင်းတုန်းက အာနိုးလ်တစ်ယောက် အခုနွေရာသီမှာလီဗာပူးကနေထွက်ခွာမယ်လို့ ကြေညာခဲ့ပြီး ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ညာနောက်ခံလူ နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး သတင်းတွေအရ အာနိုးလ်အနေနဲ့ အခုဇွန်လအစောပိုင်းမှာတင် ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖွယ်ရှိနေကာ ကလပ်ကမ္ဘာ့ဖလားအမီကစားနိုင်ဖွယ်ရှိနေပါတယ်။

အခုချိန်မှာလည်း နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ ESPN က ရီးရဲလ်ဟာ အင်္ဂလန်သားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စာချုပ်သက်တမ်းမကုန်ခင်မှာ အာနိုးလ်ကိုခေါ်ယူမယ်ဆိုရင် ယူရို ၁ သန်းတောင်းဆိုဖွယ်ရှိနေပါတယ်။ လီဗာပူးအသင်းဘက်က အာနိုးလ်နေရာအတွက် လေဗာကူဆင်စတား ဖရင်းပေါင်နဲ့ အစားထိုးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီဟာ အခုရာသီအကုန်မှာ အသင်းကနေထွက်ခွာမှာဖြစ်ပြီး ဘရာဇီးနည်းပြအဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။ အသင်းကနေမထွက်ခွာခင် အန်ဆယ်လော့တီဟာ မာယော့ကာ ၊ ဆီဗီလာ ၊ ဆိုစီဒက်စတဲ့ ၃ ပွဲကို ကိုင်တွယ်မှာဖြစ်ပါတယ်။