The network connection is lost.

Banner Image

ယူနိုက်တက်မှာပဲ ဆက်နေကာ ပွဲထွက်ခွင့်တိုက်ပွဲဝင်ချင်နေတဲ့ ဒိန်းမတ်စတား

အေစီမီလန်အသင်းထံပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းတစ်ယောက် အသင်းမှာဆက်နေကာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက် နဲ့ အေစီမီလန်တို့ကြား သဘောတူညီမှုရရှိခဲ့ပေမယ့်လည်း ဒိန်းမတ်သားကတော့ အီတလီမြေကိုပြောင်းဖို့ အလျင်အမြန်ငြင်းဆန်ခဲ့ပါတယ်။

ကစားသမားရဲ့ဆန္ဒကြောင့် မီလန်အားကစားဒါရိုက်တာ တာရီအနေနဲ့ အင်္ဂလန်မြေမှာဆက်နေကာ အခြေအနေကို စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဟွိုက်လန်းဟာ အာမိုရင်ရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့တာကြောင့် အပြောင်းအရွှေ့မပိတ်ခင် အလျင်အမြန်ဆုံးဖြတ်ဖို့ လိုအပ်နေပါတယ်။ ဒိန်းမတ်သားက မီလန်ရဲ့ကမ်းလှမ်းမှုကို ချီးကျူးခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းမှာဆက်နေကာ ပွဲထွက်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်ချင်နေပါတယ်။

တာရီကတော့ အပြောင်းအရွှေ့မပိတ်ခင်မှာပဲ ဟွိုက်လန်းကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ မီလန်ဟာ  ဟွိုက်လန်းအတွက် ယူနိုက်တက်နဲ့ဆွေးနွေးနေတာအဆင်ပြေနေပြီး အငှား + အပြီးသတ်ဝယ်ယူခွင့်နဲ့ ရောင်းချဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့အေးဂျင့်ကတော့ သူ့ကစားသမားကို အငှားထက် အပြီးသတ်ပြောင်းရွှေ့ဖို့သာ အလိုရှိနေပါတယ်။တာရီအနေနဲ့ တစ်ပတ်လောက်အခြေအနေစောင့်ကြည့်ဖွယ်ရှိနေပြီး တကယ်လို့အဆင်မပြေခဲ့ရင် အခြားပစ်မှတ်ကို ပြောင်းလဲဖွယ်ရှိနေပါတယ်။

တာရီရဲ့ပစ်မှတ်ထဲမှာ ချဲလ်ဆီးစတား ဂျက်ဆင် ၊ ပီအက်စ်ဂျီစတား ရာမို့စ်တို့ကိုလည်း ပစ်မှတ်ထားနေပြီး ဂျူဗီစတား ဗလာဟိုဗစ်ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့လုပ်ခလစာကြောင့် တွန့်ဆုတ်နေကာ လာမယ့်သြဂုတ်လ ၂၃ ရက်နေ့မှာ စီးရီးအေရာသီသစ်က စတင်တော့မှာဖြစ်ပါတယ်။