The network connection is lost.

Banner Image

ပြိုင်ဘက် အာဆင်နယ်အသင်းကို သတိပေးလိုက်တဲ့ ယူနိုက်တက်စတား

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က လာမယ့်ဗုဒ္ဓဟူးနေ့ပွဲဟာ လုံးဝခြားနားတဲ့ယူနိုက်တက်ကို မြင်ရမယ်လို့ အာဆင်နယ်ကို သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက အဲဗာတန်ကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ပထမဆုံးအိုးထရက်ဖို့ဒ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ရက်ရှ်ဖို့ဒ်က ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ထပ်တိုက်စစ်မှူး ဇီကာဇီးက ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်နိုင်ပွဲက တော်တော်လေးကောင်းမွန်ခဲ့ပြီး တန်ဟက်လက်အောက်မှာ ပုံစံကောင်းပျောက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုလည်း အာမိုရင်လက်အောက်မှာမြင်ခဲ့ရတာဖြစ်ပါတယ်။

“အဲ့တာက တစ်စုံတစ်ခုသင်ယူဖို့ ကျွန်တော်တို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီနည်းစနစ်က ကျွန်တော်တို့ ပိုသန်မာလာစလို ခံစားရပါတယ်။အခြားအသင်းတွေလည်း အခုနည်းစနစ်အကြောင်း မသိကြသေးပါဘူး။ ဘယ်သူမှမသိသေးတာကြောင့် ကျွန်တော်တို့မှာ အားသာချက်ရှိနေပါတယ်။ ကျွန်တော်တို့မှာ မတူညီတဲ့နေရာမျိုးစုံမှာကစားနိုင်တဲ့သူတွေရှိပါတယ်။ ဒါကြောင့် ပွဲအတွင်းအများကြီးပြောင်းလဲနိုင်သလို မတူညီတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

အဲ့တာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ အများကြီးမတွေးထားပါဘူး။ ဒါပေမယ့် အခုစွမ်းအင် နဲ့ စိတ်လှုပ်ရှားမှုက ကျွန်တော်တို့ လိုချင်တာပါ။ အခုချိန်က ပြောဖို့စောနေသေးပေမယ့် ကျွန်တော်တို့ လာမယ့် အာဆင်နယ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီတစ်ပွဲပြီးသွားပေမယ့် နောက်ပွဲတွေကို အာရုံစိုက်ရပါမယ်။ နည်းပြသစ်နဲ့အတူ အဲ့တာက အရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားကွက်အသစ်နဲ့ကစားရတာပါ။ ကျွန်တော်တို့ သင်ယူတုန်းရှိပါသေးတယ်။ 

အခုစွမ်းဆောင်ရည်အတိုင်း ဆက်ကစားနိုင်ရင် အာဆင်နယ်နဲ့ပွဲမှာအနိုင်ရနိုင်ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းအနေအထားကော အားလုံးကော အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဆိုးဝါးတဲ့အခိုက်အတန့်တွေကနေ တိုးတက်လာအောင် လုပ်ဆောင်နေပါတယ်။ အသင်းအတွင်း ချိတ်ဆက်မှုတည်ဆောက်ပြီး တိုးတက်လာအောင် ကြိုးစားနေပါတယ်။

အာမိုရင်ရောက်လာတာက ကျွန်တော်တို့အတွက် တကယ်ကောင်းစေပါတယ်။ အာရုံစိုက်မှုအပိုင်းကော ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပိုင်းကော တိုးတက်လာပါတယ်။ အသင်းအတွင်းအားပေးမှုကော ကွင်းထဲက အားပေးမှုအပိုင်းမှာလည်း တကယ်ကောင်းသလို အဲ့လိုအားပေးမှုတွေနဲ့ ကစားရတာ တကယ်ကောင်းတဲ့ခံစားချက်မျိုးရစေပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။