
The network connection is lost.

နည်းပြပိုချက်တီနိုက မနေ့ည မန်စီးတီးနဲ့ပွဲစဉ်က ချဲလ်ဆီးအသင်းရဲ့ကစားပုံအပေါ် ကျေနပ်နေကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် စတာလင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပွဲပြီးခါနီး ရိုဒရီချေပဂိုးပြန်သွင်းမှုနဲ့အတူ သရေတစ်မှတ်သာရခဲ့ပါတယ်။ ပိုချက်တီနိုကတော့ မန်စီးတီးကို သရေကျခဲ့ခြင်းဟာ အသင်းတိုးတက်လာဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေခဲ့ပါတယ်။
ပိုချက်တီနိုက "အသင်းရဲ့စွမ်းဆောင်ရည်ကို အလွန်ကျေနပ်မိပါတယ်။ ဒါက ကျွန်တော်တို့ ပြသချင်တဲ့ စိတ်ဓာတ်ပိုင်းလို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီလုပ်ပြဖို့ ကြိုးစားနေခဲ့တာပါ။ ဒီနေ့ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ကစားရချိန်မှာ အခုလိုစွမ်းဆောင်ရည်မျိုး ပြနိုင်ခဲ့လို့ အလွန်ဂုဏ်ယူရမှာပါ။ ကျွန်တော်ကတော့ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေကို ပွဲအပြီးမှာ ဂုဏ်ပြုခဲ့ပါတယ်။ ပထမပိုင်းက အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ပြင်းပြင်းထန်ထန်လိုက်လုခဲ့ပြီး ယှဉ်လုတဲ့နေရာမှာလည်း ပိုကောင်းခဲ့ပါတယ်။
"ဒုတိယပိုင်းမှာ မန်စီးတီးက စိုးမိုးထားခဲ့ပြီး ကျွန်တော်တို့ခံစစ်ကနေ မထွက်ရအောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်တွန်းလှန်နိုင်ပြီး ဂိုးရသင့်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ သရေပွဲက ကျွန်တော်တို့အတွက်ကောင်းပြီး အသင်းက ရှုထောင့်ပေါင်းစုံကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တယ်လို့ ထင်ပါတယ်။ မန်စီးတီးက စွမ်းဆောင်ရည်အရရော အင်အားအရပါ အခွင့်အရေးတွေရခဲ့ပါတယ်။ ကျွန်တော်တို့က လူငယ်အသင်းဖြစ်ပြီး ဒီလိုအတွေ့အကြုံမျိုးလိုအပ်ခဲ့တာကြောင့် ဒီသရေပွဲက တကယ်မိုက်ပါတယ်"လို့ ပြောခဲ့ပါတယ်။