The network connection is lost.

Banner Image

အမေရိကန်ရာသီကြိုခရီးစဉ်ရဲ့အဖွင့်ပွဲစဉ်အပေါ် အားရကျေနပ်နေတဲ့ ပက်ဂွါဒီယိုလာ

ဆဲလ်တစ်ကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အမေရိကန်ရာသီကြိုခရီးစဉ်အဖွင့်ခြေစမ်းပွဲစဉ်မှာ အသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းကို အားရကျေနပ်မိတယ်လို့ ပက်ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။

မန်စီးတီးက အခုရာသီကြိုခရီးစဉ်မှာ ပြင်ဆင်မှုအားကောင်းနေတဲ့ ပြိုင်ဘက်အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အခုပွဲစဉ်က ဆဲလ်တစ်အတွက် လေးပွဲမြောက်ရာသီကြိုခြေစမ်းပွဲစဉ်ဖြစ်ပါတယ်။    

မြောက်ကယ်ရိုလိုင်းယားပြည်နယ်၊ ကီနမ်အမှတ်တရကွင်းကြီးအတွင်း ငယ်ရွယ်နုပျိုလွန်းတဲ့ မန်စီးတီးအသင်းက ပြိုင်ဘက်ကို လွှမ်းမိုးကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်စီးတီးနည်းပြက အခုရာသီကြိုခရီးစဉ်နဲ့ပတ်သက်ပြီးအားရကျေနပ်မှုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ဒီပွဲစဉ်က ကျွန်တော့်နည်းပြဘဝသက်တမ်းတလျှောက် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကစားရတဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။ အံ့ဖွယ်ပါပဲ၊ ဟိုတယ်ကလည်း လိုလေသေးမရှိ ဂရုစိုက်ပေးပါတယ်။ ခရီးတွေ အဝေးကြီးမသွားရလို့ ကျွန်တော်တို့အတွက် သက်သောင့်သက်သာရှိစေပါတယ်။ လေ့ကျင့်ရေးကွင်းကလည်း မြက်ခင်းတုကွင်းဖြစ်တာကြောင့် ကောင်းကောင်းအသားကျခဲ့ပါတယ်။ ဒါက ကောင်းမွန်တဲ့စမ်းသပ်မှုတစ်ခုဖြစ်ပြီး အခုအချိန်အထိ ဒဏ်ရာရကစားသမားမရှိနေဖို့ကသာ အဓိကအချက်ဖြစ်ပါတယ်။ ကောင်းပါတယ်။

 ကောင်းတဲ့အချက်တွေအများကြီး မြင်တွေ့ခဲ့ရသလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ တိုက်စစ်ခံစစ်ကူးပြောင်းချိန်မှာ ခံစစ်ပိုင်းက ကျစ်လစ်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အသင်းရဲ့စွမ်းဆောင်ရည် အရမ်းကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။