The network connection is lost.

Banner Image

မန်စီးတီးကနေထွက်ခွာချိန်မှာ နိုင်ငံအသင်းနည်းပြလုပ်မယ့် ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေနဲ့ မန်ချက်စတာကနေထွက်ခွာချိန်မှာ နောက်တစ်သင်းကိုနည်းပြမှာမဟုတ်ပဲ နိုင်ငံအသင်းကိုနည်းပြလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စပိန်သားဟာ မန်စီးတီးနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုထားပြီး ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ကာ အသင်းကနေထွက်ခွာဖြစ်ခဲ့ရင် နိုင်ငံအသင်းနည်းပြဘဝကို ကူးပြောင်းဖို့ ပြင်ဆင်နေပါတယ်။

“ကျွန်တော် ကလပ်အသင်းနောက်တစ်သင်းကိုနည်းပြမှာမဟုတ်ပါဘူး။ အနာဂတ်အတွက် ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် စီးတီးကထွက်ခွာဖြစ်ခဲ့ရင် နောက်တစ်နိုင်ငံကို သွားမှာမဟုတ်ပါဘူး။  ကျွန်တော့်မှာ စွမ်းအင်မရှိပါဘူး။ နောက်တစ်သင်းအတွက်လည်း စိတ်မကူးနိုင်ပါဘူး။ နိုင်ငံအသင်းတော့ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် အဲ့တာက ခြားနားပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာ ၊ ဘိုင်ယန် ၊ စီးတီးတို့နဲ့အတူ သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ စီးတီးနဲ့အတူ ဆုဖလား ၁၅ လုံးအထိရယူနိုင်ခဲ့ပြီး အဲ့ထဲမှာ ၇ နှစ်အတွင်း လိဂ်ဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁ လုံးပါဝင်နေပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဂွါဒီယိုလာဟာ စီးတီးမှာ ၁၁ နှစ်ကြာဖြတ်သန်းခဲ့တဲ့နည်းပြဖြစ်လာမှာဖြစ်ပါတယ်။ နည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာဟာ ဆုဖလား ၃၂ လုံးအထိရယူနိုင်ခဲ့ကာ စပိန်မြေ နဲ့ ဂျာမနီမြေမှာပါ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။